ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်သည် ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ မေလတတိယပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၃၀၂၃၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၈၃၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မေလ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မှ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၃) နေ့ နံနက်ပိုင်းတွင် ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ကန်စွန်းရွက် (ရွက်ချွန်းမျိုး) စိုက်ခင်းသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

ကွမ်းသီးပင်သည် အရှေ့တိုင်းနိုင်ငံများနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းများကဲသို့ ပူ၍ စိုထိုင်းသောဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းပါသည်။ မြန်မာနိုင်ငံတွင် ကွမ်းသီးပင်စိုက်ပျိုး ဖြစ်ထွန်းသော ဒေသများမှာ တောင်ငူ၊ ကျိုက္ခမီ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေးနှင့် စစ်တွခရိုင်များ ဖြစ်ကြသည်။ ကွမ်းသီးပင်သည် ပင်လယ်မိုင်၂၀၀ခန့်အတွင်း အမြင့်ပေ၃၀၀၀ အောက်ရှိပြီး ရေဖောဖောသီသီရရှိ၍ ရေမဝပ်သည့် အရပ်ဒေသတို့တွင် အထူးဖြစ်ထွန်းသည်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် နေကြာ(မိုးကြို)ကို (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် (၁၁၉၉) ဧကလျာထားခဲ့သော်လည်း စဉ့်ကိုင်မြို့နယ်တွင် (၁၃၃၅) ဧကနှင့် မြစ်သားမြို့နယ်တွင် (၂၀၁) ဧက၊ စုစုပေါင်း (၁၅၃၆) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်း များအရ သိရှိရပါသည်။နေကြာ(မိုးကြို)ကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည်။ နေကြာတစ်ဧကကုန်ကျစရိတ်မှာ (၂၇၀၀၀၀-/) ကျပ်ခန့်ကုန်ကျကြောင်း၊ နေကြာဈေးနှုန်းများအနေဖြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် ရွှေဖရုံသီး (လက်ရိုက်သီး)ကို စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦး နှင့်ဝန်ထမ်းများသည် (၂၂.၅.၂၀၂၃) နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကွင်းဆင်း လေ့လာခဲ့ပါသည်။
