ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံ၌ ကုန်သွယ်မှုလုပ်ငန်းများ မြန်ဆန်လွယ်ကူစေရေးနှင့် တိုးတက်စေရေး ကူညီပံ့ပိုးရန် ရည်ရွယ်လျက် ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin) ဥပဒေမူကြမ်းကို အစိုးရအဖွဲ့၏ မေလ ၁၉ ရက်နေ့ အပတ်စဉ် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ပီလောပီနံနှင့် စားအုန်းဆီ ကဲ့သို့သော သီးနှံများအတွက် ဝင်ငွေအာမခံချက်ရှိစေမည့် အစီ အမံများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိသောကြောင့် အဆိုပါသီးနှံများနှင့်စပ်လျဉ်း၍ အစိုးရအသစ်၏ မူဝါဒကို စောင့်ဆိုင်းနေချိန်၌ လယ်ယာထွက်ကုန်နှင့် ဈေးနှုန်းစီမံခန့်ခွဲမှုစနစ်အား ထိန်းကျောင်းသွားမည်ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုပြောကြားပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြည်တွင်းဈေးကွက်အတွင်း ဒေါ်လာငွေပြတ်လပ်မှု ဖြစ်ပေါ်ခြင်းက ပေးဆပ်ရန်အကြွေးငွေ ဒေါ်လာသန်း ၃၀၀ ကျော် တင်ရှိနေမှုနှင့်အတူ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်သော ဘင်္ဂလားဒေ့ရှ် ရေနံထွက်ကုန်ပစ္စည်းကော်ပိုရေးရှင်း (BPC) အနေဖြင့် စက်သုံးဆီ တင်သွင်းမှုစရိတ်များ ပေးချေနိုင်ရေး အပြင်းအထန် ကြိုးစားနေရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
ပြည်တွင်း၌ ရောင်းလိုအားအပိုင်းကို မြှင့်တင်နိုင်ရန်နှင့် ဈေးနှုန်းများအား ထိန်းချုပ်နိုင်ရန်အတွက် အိန္ဒိယအစိုးရသည် ဘရာဇီးနိုင်ငံထံမှ မတ်ပဲများ ဝယ်ယူတင်သွင်းနိုင်မည့်အခြေအနေကို ကြိုတင်ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။

အိန္ဒိယပြည်တွင်းဈေးကွက်၌ ရောင်းလိုအားပိုင်း ကျပ်တည်းမှုနှင့်အတူ ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေတွင် ပဲမျိုးစုံရောင်းဝယ်သည့် ကုန်သည်များအနေဖြင့် ပြည်ပမှ တင်သွင်းလာသော ပဲစင်းငုံနှင့် မတ်ပဲတို့ကို အကောက်ခွန်ရှင်းလင်းမှု ပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃၀ ထက်ပိုမို၍ လက်ဝယ်သိုလှောင်ထားရှိခြင်းမပြုပဲ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချရန် အစိုးရက ညွှန်ကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ မိုးသီးနှံရာသီ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုတွင် သုံးပုံနှစ်ပုံခန့် ပါဝင်သော ပဲစင်းငု
