
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော မြေပဲယို ဈေးနှုန်းအနေဖြင့် မြေပဲယို တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ် (၁၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)