ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၁၈-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မင်းလမ်း (တောင်) ကျေးရွာသို့ ဓားလုပ်ငန်း (ပန်းပဲ) နှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် မေလ နောက်ဆုံးပတ်အတွင်း မိတ္ထီလာစျေးကွက်မှ နယ်စပ်ဒေသများသို့ ကြက်သွန်နီတင်ပို့မှု မရှိသလောက်နည်းကြောင်း သိရသည်။ ဒေသတွင်း စျေးကွက်တွင် လက်ရှိတက်စျေး တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် စျေးငြိမ်နေပြီး ရန်ကုန်နှင့်ပဲခူးသို့သာ တင်ပို့ကြပါသည်။ ရန်ကုန်တင်ပို့ရာတွင်လည်း အခြားကုန်များနှင့် ရောနှောတင်ပို့ရာ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ (၄၀၀၀၀) နီးပါးခန့် တင်ပို့ခဲ့ပါသည်။ စျေးနှုန်းမြင့်တက်လာသော်လည်း ပဲခူးသို့ ပုံမှန်တင်ပို့နေရာ (၆) ဘီးကားဖြင့် ကားစီးလုံးကုန်ချိန်ပိဿာ (၆၀၀၀) ဆံ့ကား
၂၀၂၃ ခုနှစ် ၊ မေလ စတုတ္ထပတ်ပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန် တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ခ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၁၈-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မုန့်ကြွပ်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော တိုင်ထောင်ပဲကို ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၂၄.၅.၂၀၂၃) နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ကွင်းဆင်း၍ သွားရောက် လေ့လာခဲ့ ပါသည်။
