ကုန်သွယ်မှုသတင်းများ
ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများအပြင် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးထားကြပါသည်။ ခရမ်းချဉ်သီးအား ယာမြေများတွင် အဓိကစိုက်ပျိုးကြောင်း၊ စိုက်ပျိူးရာတွင် ပျိုးထောင်ပြီး ပျိုးပင်(၄၅)ရက်သား အရွယ်၌ ဘောင်ဖြင့်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၂)လကျော်အချိန်တွင် အသီးများစတင်ရင့်မှည့်လာပြီး စတင်ခူးဆွတ်ချိန်တွင် တစ်ဧကလျှင် ပိဿာချိန်(၂၅-၃၀)ထွက်ရှိပြီး (၄)ရက်ခြားတစ်ကြိမ်ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ စတင်ခူးဆ
တောင်ပို့မှိုကို အချို့က ခြမှိုဟုလည်းခေါ်ကြပါသည်။ တောင်ပို့မှိုဟု ဆိုသည့်အတိုင်း တောင်ပို့မှိုရှိရာမြေအောက် ခြကောင်ရှိသောနေရာတွင် နွေအကုန်မိုးဦးအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာအပြီးတွင် ပေါက်ရောက်တတ်ပါသည်။ တောင်ပို့မှိုသည်ဈေးကောင်းသော အစားအစာ တစ်မျိုး ဖြစ်ပါသည်။ တောင်ပို့မှိုကို သဘာဝအတိုင်း တူးယူ၍ရသလို သဘာဝနည်းဖြင့်လည်း စိုက်ပျိုး၍ ရကြောင်းလည်း သိရှိရပါသည်။ စိုက်ပျိုးနည်းမှာ ပါဝင်ပစ္စည်း(၃)မျိုးသာရှိပြီး မိမိ ပတ်ဝန်းကျင်တွင် အလွယ်တကူရှာဖွေရသော ပစ္စည်းများဖြစ်ပါသည်။ ခ

တောင်ငူခရိုင် ၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ယခင် အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထမှာ ယခင်အပတ်က တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ပါသည်။

တောင်ငူမြို့ ညောင်ပင်ဈေးတွင် ကြက်သား(အိမ်မွေးကြက်)မှာ ယခင်အပတ်က တစ် ပိဿာလျှင် ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျပါသည်။ မွေးမြူးရေးကြက်(စီပီကြက်)မှာ အသားသီးသန့် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး အခြမ်းလိုက်ဈေးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်ပါသည်။

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁၇-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀ မှ ၃၀၀၀၀၀)ဖြစ်ခဲ့ပြီး ယခုအပတ်(၂၃-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၅၀၀၀ မှ ၃၀၀၀၀၀)ရှိ၍ ကျပ်(၅၀၀၀)ဈေးမြင့်တက်လာပြီး (၁၁၀၀)အိတ်ခန့်အရောင်းအဝယ်ရှိပါကြောင်းနှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်နည်းပါးလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
