
ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသီးသည် စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင် ပါဝင်ပြီး ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိပါသည်။
DOCA(တနင်္သာရီ)