ကုန်သွယ်မှုသတင်းများ
ကသာခရိုင်အတွင်း မြို့နယ်များရှိ ဈေးကွက်များတွင် လိုင်ချီးသီးများ အများအပြား ရောင်းချလျက်ရှိရာ အဝေးပြေးကားဂိတ်များမှတစ်ဆင့်အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ခင်ဦးမြို့များသို့ တင်ပို့မှုများပြားကြောင်း ကားဂိတ်များမှ သိရှိရသည်။
(၁၈.၅.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ရှိ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူထံသို့ သွားရောက်၍ ပွဲရုံရှိ သီးနှံများ၏ ဈေးနှုန်းဈေးကွက် အခြေအနေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ဒေသအနီးတဝိုက်တွင် ဒေသအခေါ် ပျဉ်းတော်သိမ်ရွက်ကို ဝယ်ယူသူများအနေဖြင့် ကိုယ်တိုင်အိမ်အရောက် ခူးဆွတ်ဝယ်ယူလျက်ရှိပါသည်။ ဝယ်ယူရောင်းချသူ ကုန်သည်များအနေဖြင့် ၂ တင်းခွဲဝင် တစ်အိတ် လျှင် ခပ်ဖွဖွထည့်၍ (၅၀၀၀) ကျပ်ပေး၍ ဝယ်ယူပြီး၊ (၄-၅) ခက်လျှင် တစ်စည်ပါ အစည်းရေ (၁၀၀၀) ခန့်ဝင်သော အိတ်ကျဲများဖြင့် ထည့်ကာ တစ်အိတ်ကားတင်ခ (၂၀၀၀)ကျပ်နှုန်းဖြင့် ရန်ကုန်သီရိမင်္ဂလာဈေးသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ရုံးပတီသီးပင်များ စိုက်ပျိုးအောင်မြင်လျက်ရှိပါသည်။ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပြီး ရေမဝပ်နိုင်သောမြေမျိုးတွင် ပို၍အောင်မြင်ဖြစ်ထွန်းပါသည်။ စိုက်ပျိုးရေအလုံအလောက်ရရှိပါက တစ်သုတ်ပြီးတစ်သုတ် စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့အနေဖြင့် ဒေသမျိုးများနှင့် ထိုင်ဝမ်မျိုးများကိုစိုက်ပျိုးကြပါသည်။ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးပြီး အကျယ် (၃-၄)ပေအမြင့် ၆လက်မဘောင်များတွင် (၆)လက်မစီ ခွာပြီး သုံးပွင့်ဆိုင် ကျင်းမ

ထန်းသီးဆိုသည်မှာ အညိုရောင်ရှိသော ထန်းသီး၏အထဲ၌ ပါရှိသောအဆံများပဲ ဖြစ်ပါသည်။ ထန်းသီးတစ်လုံးတွင် ထန်းသီးအဆံမှာ (၃/၄)ခုလောက် ပါရှိပါသည်။ ထန်းသီးတစ်လုံး၏ လုံးပတ်လည်မှာ (၄)လက်မမှ (၇)လက်မအထိရှိပါသည်။ ထန်းသီးအဆန်၏ အခွံအရောင်မှာ အဝါရောင်သန်းနေပြီး အတွင်းထဲတွင် အဖြူရောင်အသားရှိပါသည်။
