ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် အနီးပတ်ဝန်းကျင်ဒေသဖြစ်သောချောင်းနားတန်း၊ လက်ခုပ်ပင်၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှဒေသများနှင့်ပြည်မြို့ တစ်ဖက်ကမ်းဒေသများ ပန်းတောင်း၊ ဆင်တဲ၊ ရွှေဘုံသာရွာ၊ မကျည်းစုရွာများတွင် မြကျောက်သရက်၊ စိန်တလုံးသရက်၊ ဘုတ်ထုံသရက်သီးများမှာ ယခုကာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိရာ စားသုံးသူအကြိုက်ဈေးနှုန်းများ ချိုသာသွားသည့်အတွက် အရောင်းအဝယ်ပိုမိုဖြစ်လျက်ရှိပြီး ယခင်တစ်ပတ် မြကျောက်သရက်သီး ဈေးနှုန်းများမှာ တစ်လုံးလျှင် ကျပ် (၇၀၀-၆၀၀) ရှိပြ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းသို့ ဝါး/ဝါးကပ်များ နေရာအနှံ့အပြားမှ ဝင်ရောက်လျက်ရှိရာ ရခိုင်ရိုးမလမ်းပေါ်ရှိ ညောင်ချိုးဒေသမှထွက်ရှိသောခရင်းဝါးမှာ အခေါင်းပွသောကြောင့် ထရံရက်လုပ်ရာတွင် အသုံးပြုပါသည်။ ခရင်းဝါးကို ရခိုင်ပြည်နယ်တွင် အများဆုံးတွေ့ရှိရပါသည်။ ရခိုင်လူမျိုးအများစုအနေဖြင့် ခရင်းဝါးကိုအလုံးလိုက်သော်လည်းကောင်း၊ ငြမ်းဆင်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။ ပြည်ခရိုင်အတွင်းရှိဝါး၊ဝါးကပ်ဆိုင်များအနေဖြင့်ခရင်ဝါးကို ထရံရက်လုပ်ရာတွင် အသုံးပြုပါသည်။ ခရင်းဝါးသည် အ
ပြည်ဈေးကွက်အတွင်းသို့ ပုတီးကုန်း၊ သဲကုန်းဘက်မှ ဗုံလုံသီးများ စတင်ဝင်ရောက်လာနေပြီဖြစ်ပြီး ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်းသိရသည်။ ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အတောင့်ချောသည့်အတွက် တစ်တောင့်လျှင် ကျပ်(၈၀၀)ခန့်ထိ ဈေးကောင်းရလျက်ရှိကာ စိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ်ပိုမိုရရှိနေကြောင်းသိရသည်။ ဗုံလုံသီး(ခ) ပဲတောင့်ရှည်(ခ) ပဲလင်းမြွေသီးကို ပုစွန်ခြောက်အစာသွပ်၊ အမဲသားအစာသွပ်၊ ငရုတ်သီးစိမ်းရခိုင်ချက်၊ သတ်သတ်လွတ်သမားများအတွက် ဘယာကြော်အစာသွပ်ချက်တို့အပြင်
ချဉ်ပေါင်ပင်သည် မြန်မာများအတွက် တရင်းတနှီးဖြစ်သော အပင်တစ်မျိုးဖြစ်ပြီး ထမင်းဝိုင်းများတွင် ချဉ်ရည်ဟင်းတစ်မျိုး၊ အကြော်တစ်မျိုး၊ အချက် တစ်မျိုးဖြင့် စားသုံးကြပါသည်။ ချဉ်ပေါင်ပင်သည် တစ်ရာသီခံအပင်မျိုးဖြစ်ပြီး ချဉ်ပေါင်အမျိုး အစားများစွာ ရှိပါသည်။ လူသိများသော ချဉ်ပေါင်အမျိုးအစားများမှာ ရွှေဘိုချဉ်ပေါင်၊ လျှော်ချဉ်ပေါင်၊ ချဉ်ပေါင်လက်ခြား၊ ဆေးချဉ်ပေါင်၊ ချဉ်ပေါင်နီ၊ ဘိလပ်ချဉ်ပေါင်၊ ချဉ်ပေါင်ခါး၊ ဓါတ်ချဉ်ပေါင်၊ ချဉ်ပေါင်ကြီး၊ ကျောက်ချဉ်ပေါင်နှင့် ချဉ်ပေါင်ရိုင်း တို့ဖြစ်ပါသည်။

မြေပဲပင်ပေါက်(ခေါ်) မြေပဲစို့မှာ မြေပဲပင်များ နှုတ်ယူပြီးသည့်အခါ မြေကြီးထဲမှာ ကျန်နေသော မြေပဲတောင့်မှ မိုးရေကြောင့် အစို့ပေါက်လာသော အပင်ပေါက်ဖြစ်ပါသည်။ ယခုလို မိုးဦးကျအချိန်တွင် ပြည်ဈေးကွက်၌ မြေပဲပင်ပေါက်များကို ကျေးရွာများမှ လာရောက် ရောင်းချကြကြောင်းသိရပါသည်။ မြေပဲပင်ပေါက်မှာ ဖြူဖြူတုတ်တုတ်သန်သန်မာမာနှင့် ဈေးကွက်တွင် ရောင်းချနေသဖြင့် စားသုံးသူများ ရာသီပေါ်စားစရာ ဟင်းရန်တစ်ခွက်အဖြစ် ဝယ်ယူစားသောက်ကြပါသည်။