
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြ ကြောင်း သိရှိရသည်။
ထိုသို့ စာရင်းကောက်ယူခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ မြို့မဈေးတွင် အခြေခံ စားသောက်ကုန်ရောင်းချသော ဒေါ်ရီရီသန်းကုန်စုံဆိုင်၊ ဒေါ်ထက်ထက်ရှိုင်းကုန်စုံဆိုင်တို့မှ ကြက်သွန်နီ ဆိုဒ်စုံတစ်ပိဿာလျှင် (၂၀၀၀မှ ၂၂၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူရှမ်းစ တစ်ပိဿာ လျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင်(၁၀၅၀၀မှ၁၁၀၀၀)ကျပ် ထိ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် (၆၀၀၀မှ ၆၅၀၀)ကျပ်ထိ၊ မန်းကျည်းသီး တစ်ပိဿာ လျှင်(၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ်လျှင် (၈၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၃၀၀၀မှ ၄၀၀၀)ကျပ်ထိ၊ သကြားတစ်ပိဿာလျှင် (၅၄၀၀မှ၆၀၀၀)ကျပ်အသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရသည်။
ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းနှိုင်းယှဉ်ရာတွင် ငရုပ်တောင့်အရှည်နှင့် အာလူးဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပြီး တင်သွင်းရသည့် ဈေးနှုန်းလျော့နည်းခြင်း၊ ပစ္စည်းအဝင်များလာခြင်းကြောင့် ဈေးနှုန်းအနည်းအငယ် ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)