ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 Mar 2023

ကယားပြည်နယ်၊ သစ်သီးဝလံဈေးကွက်အတွင်း ဝင်ရောက်လာနေသော နာနတ်သီးကို လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင်လည်းကောင်း၊ နောင်ယားဈေးတွင်လည်ကောင်း၊ ပျံကျဈေးတို့ တွင်လည်းကောင်း များစွာရောင်းချလျက်ရှိပါသည်။

30 Mar 2023

   ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ဈေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၃၄၀၀ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် ၂၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၈၆၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၃၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ( ရှမ်း )တစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ ကြက်သွန်ဖြူ( ကြူကုတ် )တစ်ပိဿာလျှင် ၅၂၀

30 Mar 2023

     ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ၂၀၂၃ခုနှစ်၊ မတ်လ (ဒုတိယပတ်)၌ ဆန်တင်သွင်းမှုမှာ (၁၆၂၀) အိတ်/ (၈၁) တန်၊ ဆီတင်သွင်းမှုမှာ (၇၀) ပုံး၊ ကြက်သွန်နီတင်သွင်းမှုမှာ (၄၀၀) အိတ်၊ ငရုတ်သီးတင်သွင်းမှုမှာ (၆၀) အိတ် အချိုရည်ကား(၂)စီးး၊ ကြက်ဥ (၃၆၆၀) ကဒ်၊ ကုန်မျိုးစုံ (၂၁) စီးတင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၁၂၀) အိတ် (၆) တန်၊ ပဲစင်းငုံတင်ပို့မှုမှာ (၈၃၆) အိတ်/(၄၁.၈) တန်၊ နှမ်းတင်ပို့မှုမှာ (၃၇၀) အိ

30 Mar 2023

    ရာသီပေါ်သီးနှံတစ်မျိုးဖြစ်သော စတော်ဘယ်ရီသီးကို ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလျက်ရှိပြီး စတော်ဘယ်ရီသီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ ရေနီကန်ကျေးရွာနှင့် လောဓမ္မရပ်ကွက်တို့တွင် စတော်ဘယ်ရီသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ တောင်ကြီးဘက်မှလည်းဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

30 Mar 2023

     ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်ကို လွိုင်ကော်မြို့နယ်အတွင်းရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ် ၊ နောင်တရားဒေသတို့မှလည် းမှာယူရောင်းချလျက်ရှိပါသည်။

Pages