ကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Mar 2023

     မိတ္ထီလာစျေးကွက်တွင် ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း နယ်ဝေးဒေသများသို့ ကြက်သွန်နီများကိုပုံမှန်တင်ပို့နေပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေပါသည်။ မတ်လဆန်းပိုင်းက အစောထွက်ရှိသောဆောင်းကြက်သွန်နီများကိုသာ နယ်ဝေးသို့တင်ပို့နေပြီး ယခုမတ်လလယ်ပိုင်းမှ စတင်ရိတ်သိမ်းသောကြက်သွန်နီမှာ ဒေသတွင်းတောင်သူကြီးများနှင့် ကုန်သည်လှောင်လက်သမားများက သိုလှောင်ထားကြောင်း သိရပါသည်။ မတ်လ (တတိယပတ်) အတွင်း မိတ္ထီလာမှ ရန်ကုန်သို့ (၁၂) ဘီးကား (၆) စီးကို အခြားကုန်များနှင့် ရောနှောတင်ပို့ရ

29 Mar 2023

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးကိုအခြေခံ၍ (နွေ၊ မိုး၊ ဆောင်း)ဥတုသုံးပါးနှင့်အညီ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးသည့်ဒေသဖြစ်ပါသည်။ ရာသီးအလိုက်သီးနှံများကို စိုက်ပျိုးသည့်အနက်မှ ယခုအခါ တောင်သူများအနေဖြင့် ငရုတ်သီးနှံများ အားထားစိုက်ပျိုးလာကြသည်ကိုလည်းတွေ့ရှိရပါသည်။ ကျောက်ဆည်ခရိုင်တွင် ငရုတ်များအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်စိုက်ပျိုးကြပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ငရုတ်စိုက်ဧက (၅၆၄၀)ဧကလျာထားသော်လည်း အမှန်စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွ

29 Mar 2023

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် မြေဆီမြေသြဇာကောင်းမွန်သောဒေသဖြစ်၍ စပါး၊ နှမ်း၊ ငရုတ် စသည့်သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် ပြောင်းသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ လယ်မြေများနှင့် ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးမှုအများဆုံးနှင့် လူကြိုက်အများဆုံးသီးနှံဖြစ်သည့် ပြောင်းဖူးများကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်ခရိုင်တွင် ပြောင်းဖူးစိုက်ဧက(၅၀၀)ဧကစိုက်ပျိုးထားပြီး ယခုအချိန်ထိ(၁၃၃)ဧကရိတ်သိမ်းပြီးဖြစ်ပါသည်။ပြောင်းဖူးစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်မှာ သွင်

29 Mar 2023

     မြင်းခြံခရိုင်တွင် ဆောင်းကြက်သွန်နီကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့၌ ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ယခုအချိန်တွင် ဆောင်းကြက်သွန်နီ(ခေါ်) နွေကြက်သွန်နီများထွက်ပေါ်ဝယ်ယူသည့်ကာလဖြစ်ပါသည်။

29 Mar 2023

      ၂၀၂၃ခုနှစ်၊ မတ်လ (တတိယပတ်) အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(သစ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်၊ ဧရာမင်းဆန်(သစ်)တစ်ပြည်လျှင် ၂၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်)လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၈၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ကြူကုပ်)တ

Pages