ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 Mar 2023

      အိန္ဒိယနိုင်ငံတွင် ၂ဝ၂၂-၂၃ သီးနှံရာသီ (အောက်တိုဘာလ-စက်တင်ဘာလ) အတွင်း ဝါဂွမ်း စိုက်ပျိုးသည့်ဒေသများဖြစ်ကြသော တီလန်ဂါနာ၊ မဟာရာရှ်ထရာ၊ ဟာရီယာနာ၊ ကာနာတကာ၊ ပန်ဂျပ်နှင့် တမီနာဒူ ဒေသများတွင် အထွက်နှုန်း ကျဆင်းမှုနှင့်အတူ ဝါဂွမ်းထွက်ရှိမှုမှာ မူလခန့်မှန်းထားသည့် တစ်ထုပ်လျှင် ၁၇ဝ ကီလိုဂရမ်ဝင် ဝါဂွမ်းထုပ်ရေ (bales) ၃၂၁.၅ သိန်းမှ‌ ၈.၅ သိန်းလျော့ချလျက် အထုပ်ရေ ၃၁၃ သိန်းခန့်သာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ အထွက်လျော့နည်းမှုကြောင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး မတ်လ ၁၆

28 Mar 2023

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပန်းတောကျေးရွာအုပ်စု မြောင်းဂွကျေးရွာသည် စလင်းချောင်း၏မြောက်ဘက် နွယ်တမယ်၊ သရက်ချဉ်ကားလမ်းမဘေးတွင် အိမ်ခြေ(၁၂၈)အိမ်၊ လူဦးရေ(၅၇၆)ဦးတို့ဖြင့် တည်ရှိပြီး ကျေးရွာနေပြည်သူများမှာ တောင်သူအလုပ်ကိုလုပ်ကိုင်ရင်းဖြင့် လယ်ယာလုပ်ငန်းများနှင့်အတူ ဘိုးဘွားအစဉ်အဆက် မိရိုးဖလာမိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် မြေအိုးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

28 Mar 2023

      Economica.net ၏ အစီရင်ခံစာတွင်  ပင်လယ်နက် (Black Sea) ဒေသတွင်း၌ နေကြာဆီ လက်ကားဈေးနှုန်းသည် (၂) လအတွင်း၌ ၁၅ % ကျဆင်းခဲ့ပါကြောင်း၊ နေကြာဆီ ၁ တန်လျှင် တူရကီဆိပ်ကမ်းများတွင် ဒေါ်လာ ၉၉၀၊ ဘူလ်ဂေးရီးယားနိုင်ငံ ဗာနာဆိပ်ကမ်း၌ ဒေါ်လာ ၉၈၀ နှင့် ယူကရိန်းဆိပ်ကမ်းများတွင် ဒေါ်လာ ၉၀၀ ခန့် အသီးသီး ဈေးနှုန်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ နောက်ဆုံးအကြိမ် နေကြာဆီဈေးနှုန်း အနိမ့်ဆုံးဖြစ်ပေါ်ခဲ့မှုမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတွင်ဖြစ်ရာ ယခုအခါ ၂ နှစ်ခွဲတာကာလအတွင်း အနည်းပါးဆုံး ကျဆင်းခဲ့ခြင်

28 Mar 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူပြည်သူများသာမက စီးပွားရေးလုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးခြင်များ ဆောင်ရွက်လျက်ရှိရာ (၂၀.၃.၂၀၂၃)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဒု-ခရိုင်ဦးစီးမှူးနှင့်/ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးကျေးရွာရှိ ရက်ကန်းလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

28 Mar 2023

    ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် သကြားတင်သွင်းခွန်နှင့် တန်ဖိုးမြှင့်အခွန် (Value Added Tax) များကို လျှော့ချမည်ဖြစ်ရာ အမှန်တကယ်တွင် ၁ ကီလိုဂရမ်လျှင် တာကာငွေ ၄.၅ နှုန်း ဈေးလျှော့ချရန်ဖြစ်သော်လည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် သကြားကြိတ်ခွဲသည့်လုပ်ငန်းများနှင့် ကျိုချက်သန့်စင်သည့်လုပ်ငန်းများကို လက်လီအဆင့်အနေဖြင့် သကြားဈေးနှုန်းအား ၁ ကီလိုဂရမ်လျှင် ၅ တာကာနှုန်း ဈေးလျှော့ချစေရေး တောင်းဆိုသွားမည် ဖြစ်သည်။

Pages