ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 Mar 2023

     ဇေယျာစစ်ကိုင်းတောင်ရိုးသမိုင်းတွင် ဝါတွင်းဘုရားစဉ်များအရ မှတ်တမ်းပြုစုရာတွင် ပေါရာဏလင်္ကာမင်္ဂလာမှတ်တမ်းအရ “ပုံ-တောင်-ဇေ-ချမ်း-ဥ-နန်း-နံ-လေး-ပ-ထူ-ရှင်-အောင်-အမြှောင်ငါးထပ်ကြီး၊ အပြီးကောင်းမှုတော်”ဟူ၍ စာဆိုပြုခဲ့ကြသည်။ နှစ်စဉ် မြန်မာပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့မှစ၍ ပုံ - ပုညရှင်ဘုရား၊ တောင်- တောင်ဖီလာဘုရား၊ ဇေ - ဇေတဝန်ဘုရား၊ ချမ်း - ချမ်းသာကြီးဘုရား၊ ဥ - ဥမင်သုံးဆယ်ဘုရား၊ နန်း - ရှင်ပင်နန်းဦးဘုရား၊ နံ - ရှင်ပင်နံကိုင်းဘုရား၊ လေး - လေးကျွန်းမာန်အောင်ဘုရား၊ ပ - ပတ္တမြားစေတီ

24 Mar 2023

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်လ ‌(တတိယပတ်) တွင် စပါးဈေးနှုန်းများတည်ငြိမ်နေ၍ ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မတ်လ (ဒုတိယပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၃၆၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၉၂၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၁၃၈၀၀အိတ်၊ တန်အားဖြင့် ၅၆၉၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင်

24 Mar 2023

     ၂၀၂၃ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွေဘိုပေါ်ဆန်း(အဟောင်း)တစ်ပြည်လျှင် (၃၈၀၀) ကျပ်၊ ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၃၂၀၀) ကျပ်၊ ယခင်အပတ်ထက် ဧရာမင်း(အဟောင်း)တစ်ပြည်လျှင် (၂၀၀) ကျပ်နှုန်းမြင့်တက်နေကြောင်း၊ ရွှေဘိုပေါ်ဆန်း(အသစ်)တစ်ပြည်လျှင် (၃၀၀၀) ကျပ်၊ ဧရာမင်း(အသစ်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ မြစ်သားအမျိုးအစား(အသစ်)လက်လီဈေးမှာ (အကြီး)တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊

24 Mar 2023

    ဖျာပုံမြို့နယ်သည် စိုက်ပျိုးရေးနှင့်ရေလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ ယခုအခါထိုင်းမျိုးဖြစ်သည့် အုန်းချိုမွှေး(အရည်သောက်အုန်းပင်)များကို စိုက်ပျိုးလာကြပါသည်။ ထိုစိုက်ပျိုးထားသော ကျုံတာကျေးရွာသို့ (၁၇.၃.၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ လိုက်ပါကာ စိုက်ခင်းသို့ကွင်းဆင်း၍    စိုက်ခင်းနှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ အုန်းချိုမွှေးစိုက်ဧက(၄)ဧက စိုက်ပျိုးထားပြီး တစ်ဧကကို  အပင်(၈၀)၊ တစ်ပင်နှင

24 Mar 2023

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးတွင် သီးနှံမျိုးစုံအများဆုံးစိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

Pages