ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Mar 2023

      ပဲခူးတိုင်းဒေသကြီး (အနောက်)၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆောင်းသီးနှံများ ဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ၊ စားဖိုဆောင်သီးနှံများ ဆီထွက်သီးနှံများအား စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းအား အများဆုံး စိုက်ပျိုးပြီး ဒုတိယအများဆုံးအနေဖြင့် မတ်ပဲ သီးနှံကို စိုက်ပျိုးလျက်ရှိပါသည်။ ပဲတီစိမ်း (ရေဆင်း-၁) နှင့် (ဝါးခယ်မ)မျိုး (၂၅၄၀၇)ဧက၊ မတ်ပဲ (ရေဆင်း-၂) နှင့် (ရေဆင်း-၃)မျိုး (၁၉၆၆၆)ဧက စိုက်ပျိုးထားရှိပါသည်။

23 Mar 2023

    ဆောင်းရာသီထွက် သီးနှံတစ်မျိုးဖြစ်သည့် ပဲစိတ်တို ပဲကို နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်ရှိ ခြံစိုက်တောင်သူများမှ စင်တင်သီးနှံအဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။ ပဲစိတ်တို ပဲကို သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းပိုင်းတို့တွင် စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ခူးဆွတ်ရောင်းချကြပါသည်။

23 Mar 2023

    ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ရွှေပဲသီးများ စိုက်ပျိုးထားရှိရာ (၁၅.၃.၂၀၂၃)နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွှေပဲသီး စိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။ ရွှေပဲသီးကို လူအများစုက ကုန်းဘောင်ကြီးကြော်နှင့် အစိမ်းကြော်များကြော်ရာတွင် ထည့်၍အသုံးပြုကြပါသည်။ ရွှေပဲသီးဟာ အာဟာရဓါတ်များပြည့်ဝသလို ဗီတာမင်အေ၊ စီ၊ အမျှင်ဓါတ်နှင့် သံဓါတ်များအပ

23 Mar 2023

     (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်နယ်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ဆန်နှင့်ဆီများရောင်းချခြင်းကို မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြခန်း၌ရောင်းချခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

22 Mar 2023

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages