ရေနံတင်ပို့ရာ Strait of Hormuz လမ်းကြောင်းတွင် အန္တရာယ်များဖြစ်ပေါ်နေသည့်အတွက် သင်္ဘောပို့ဆောင်ရေး နှင့် အာမခံ လုပ်ငန်းများတွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာ

Powered by Drupal

            မကြာသေးမီက ဟော်မုဇ်ကျွန်းဆွယ်အနီးတွင် စစ်ရေးတိုက်ခိုက်ခြင်း၊ သင်္ဘောများအား သိမ်းဆည်း ခြင်း၊ ရေမြုပ်မိုင်းများ ထောင်ထားခြင်း စသည့်အန္တရာယ်များ ဖြစ်ပေါ်နေသည့်အတွက် သင်္ဘောပို့ဆောင်ရေး လုပ်ငန်းများမှာ အခက်ကြုံတွေ့နေရပြီး သင်္ဘောအာမခံလုပ်ငန်းများမှာ ဈေးနှုန်းတက်နေကြောင်း သိရှိရပါသည်။ အာမခံလုပ်ငန်းတွေကလည်း သင်္ဘောအသစ်တွေရဲ့ အာမခံလက်ခံမှုကို သတိထားပြီး လျှော့နည်းစွာသာ လက်ခံနေကြပါသည်။  တချို့ကုမ္ပဏီတွေကတော့ သင်္ဘောလမ်းကြောင်း ပြောင်းဖို့အထိ ဆုံးဖြတ်နေရပြီး၊ ဒါဟာ ပို့ဆောင်ချိန်နဲ့ကုန်ကျစရိတ်များလာစေ နိုင်ပါသည်။

           ထို့အပြင် တောင်အာရှမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Chittagong ဆိပ်ကမ်းမှာလည်း ကုန်တင်ပို့မှု နှင့် ကုန်ထုတ်ယူမှုတွေဟာလည်း ရှုပ်ထွေးနေပါသည်။ အဆိုပါအခြေအနေများကြောင့် အမေရိကန်နဲ့ အာရှတို့အကြား သင်္ဘောလမ်းကြောင်းအသုံးပြုမှုက ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)