ကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးကောင်းသဖြင့် စိုက်ပျိုးသည့် စရိတ်တတ်နိုင်သည့် တောင်သူများမှာ ဆောင်းကြက်သွန်နီကို အစောပိုင်းစိုက်ပျိုးလာကြပါသည်။ အစောပိုင်း စိုက်ပျိုးသောကြက်သွန်နီမှာ ယခု ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထွက်ရှိလာပါသည်။ ယခင်ပုံမှန်စိုက်ရာသီအနေနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း မြစ်သားကြက်သွန်နီမှာ မတ်လအတွင်း ရိတ်သိမ်းလေ့ရှိရာ ၎င်းကာလမှာ မိုးကြက်သွန်နီကုန်ချိန်ဖြစ်၍ ဆောင်းကြက်သွန်နီမထွက်ရှိသေးဘဲ အရည်အသွေးမှာလည်း ကောင်းမွန်ခြင်းကြောင့် စျေးကောင်းရရှိကြပါသည်။ မိတ္ထီလ
မိတ္ထီလာစျေးကွက်သို့ ဆန်သစ်များ အဝင်လှိုင်လာသော်လည်း ဆန်ဟောင်းများ စျေးငြိမ်လျက်ရှိပါသည်။ မိတ္ထီလာခရိုင်တွင် မိုးစပါးကိုအများဆုံးစိုက်ရာ စိုက်ပျိုးရာတွင်လည်း ဒေသရာသီဥတုနှင့် လျော်ညီကာစျေးကွက်ဝင်သည့် မနောသုခကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။ ယခုအခါ ကျောက်ဆည်၊ မြစ်သားမျိုးဖြစ်သည့် ဧရာပဒေသာမှာ စျေးကောင်းရသဖြင့် ဝမ်းတွင်းမြို့နယ်တွင် ၎င်းမျိုးကို စိုက်ပျိုးမှုများပြားလာပါသည်။

မကွေးတိုင်းဒေသကြီးသည် “မြန်မာနိုင်ငံ၏ ဆီအိုးကြီး”ဟု တင်စားရလောက်အောင် ဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့်မြေပဲတို့အား အဓိကထားစိုက်ပျိုးကြသော်လည်း စပါးကို မကွေးမြို့နယ်အနေဖြင့် (၂၃၂၅)ဧကသာ စိုက်ပျိုးသဖြင့် စားနပ်ရိက္ခာအတွက် ဆန်ဖူလုံမှုမရှိ၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများအနေဖြင့် စပါးကိုအဓိက ထားစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော နနွင်းသီးနှံကို ယာမြေများတွင် အများဆုံး စိုက်ပျိုးကြပါသည် ။ ကျောက်ဆည်ခရိုင်တွင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်တွင် နနွင်းစိုက် ဧက(၂၅၁၈)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွင်(၂၃၅၈)ဧက စိုက်ပျိုးခဲ့ကြောင်း၊ ကျောက်ဆည်မြို့နယ်တွင်(၅၀၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၆)ဧက ၊ မြစ်သားမြို့နယ်တွင် (၁၂၄၉)ဧက၊ စုစုပေါင်း (၁၇၁၈)ဧကရိတ်သိမ်းနိုင်ခဲ့ကြောင်းကိ