ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံအထက်ပိုင်း၊ အထက်အညာဒေသများသည် ပူပြင်းခြောက်သွေ့သဖြင့် ဒေသခံအများစုမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ မြန်မာ့ချည်ထည်များကို အများဆုံးဝတ်ဆင်လေ့ရှိကြပါသည်။ မြန်မာ့ချည်ထည်များသည် ခန္ဓာကိုယ်နှင့်အင်္ကျီကြားမှာ ဖြစ်ပေါ်တတ်တဲ့စိုထိုင်းမှုများကို ဖယ်ရှားပေးသည့်အတွက် ချွေးအအေးပတ်ခြင်းကိုမဖြစ်ပေါ်စေကြောင်း၊ မတူညီတဲ့ရာသီဥတု အခြေအနေအလိုက် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးဝတ်ဆင်နိုင်ကြောင်းနှင့် နွေရာသီမှာ အသင့်လျော်ဆုံးဖြစ်ပြီး အေးသည့်အချိန်အခါများမှာလည်း လေအေးများခန္ဓာကိုယ်
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ တောင်သူများသည် နှစ်စဉ် ဖရဲ(၅၀၀)ဧကခန့်စိုက်ပျိုးပြီး၊ ဖရဲသီးအလုံးရေ (၅၀၀၀၀၀)ခန့်ထွက်ရှိရာ မူဆယ်ဈေးကွက်မီသော အသီးများကို မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကာ ကျန်အသီးများကို ဒေသတွင်းဈေးကွက်သို့ ရောင်းချခဲ့ကြပါသည်။ ယခုနှစ်တွင် သွင်းအားစုများဖြစ်ကြသော ဖရဲမျိုးစေ့ထုတ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဒီဇယ်ဈေး၊ လုပ်သားခများ ကြီးမြင့်ခြင်းကြောင့်လည်းကောင်း၊ သီးနှံပေါ်ချိန်တွင် အ

ငရုတ်သီးသည် အိမ်ရှင်မများဟင်းချက်ရာတွင် မပါမဖြစ်အသုံးပြုရသော စားဖိုဆောင်သီးနှံဖြစ်ပါသည်။ ဗီတာမင်စီကြွယ်ဝပြီး၊ ဗီတာမင် (အေ၊ ဘီ၊ အီး)၊ ကယ်လ်စီယမ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်သော ာအသီးလည်းဖြစ်ပါသည်။ ကြိုက်နှစ်သက်သူများအနေဖြင့် အသုပ်များကို သုပ်စားသည့်အခါတိုင်းတွင် ငရုတ်သီးစိမ်းနှင့်တွဲစားတတ်ကြပြီး မကြိုက်သူများမှာ အစပ်ကိုကြောက်သောကြောင့် သေချာရွေးဖယ်၍ စားတတ်ကြပါသည်။ “တန်ဆေး လွန်ဘေး”ဆိုသကဲ့သို့ ချင့်ချိန်စားသုံးနိုင်မည်ဆိုပါက လူတို့အတွက် ကျန်းမာရေးနှင့်သင့်လျော်သ

သရက်မြို့၊ စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော ကြက်သွန်ဖြူ၊ အာလူးတို့မှာ ရှမ်းပြည်နယ် ကလောမြို့နှင့် အောင်ပန်းမြို့တို့မှတဆင့် ဝယ်ယူရောင်းချလျက်ရှိပြီး ငရုတ်သီး(အစို)/ (အခြောက်)နှင့် မန်ကျည်းသီးတို့မှာ သရက်မြို့အနီးရှိ ကျေးရွာများဖြစ်သော စမ်းအိုင့်ရွာ၊ ကိုးပင်ရွာနှင့်အခြားစားဖိုဆောင်စားသောက်ကုန်များကို အောင်လံမြို့နှင့် ပြည်မြို့တို့မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၁.၃.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၅၀၀၀၀)၊ ယခုအပတ် (၇.၃.၂၀၂၃) ရက်နေ့တွင်လည်း ကျပ် (၂၅၀၀၀၀)၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၅၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၂၅၀၀၀၀)၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၃၀၀၀၀)၊ယခုအပတ်တွင် လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၆၀၀၀၀) ယခုအပတ်တွင် လည်း ကျပ်(၂၆၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်း