အာဟာရကြွယ်ဝသောမြစ်ငါးဈေးကွက်

Powered by Drupal

    မြစ်ငါးများသည် လူကြိုက်များသော သဘာဝရေချိုငါးများဖြစ်ကြောင်း၊ မြင်းခြံမြို့၊ လေး အိမ်တန်းအုပ်စု၊ အင်ကြင်းပင်ကျေးရွာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင်တည်ရှိပြီး တံငါလုပ် ငန်းဖြင့် အသက်မွေးဝမ်းကျောင်းများ ပြုကြောင်း၊  ရေလုပ်သားများသည် မြစ်မှရရှိသောငါးများကို   မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချကြောင်း၊ မြစ်ငါးများသည် သဘာဝငါးများ ဖြစ်သောကြောင့်အရသာမှာ ထူးကဲချိုမြပြီး  မွေးမြူရေးငါးများထက် ဈေးကောင်းရရှိကြောင်း၊ တိလားဘီးရားငါး ၂၅ ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးဇင်ရိုင်း အဖြူကြီး၂၅ ကျပ်သားလျှင် (၅၀၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၉၀၀၀)၊ မြစ်ငါးခူ (၂၅) ကျပ်သားလျှင် (၆၀၀၀)ကျပ်၊တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊  မြစ်ပုစွန်(၂၅)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ တစ်ပိဿာ လျှင်(၄၇၀၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ မြစ်ငါးများသည် သဘာဝရေချိုငါးများ ဖြစ်သောကြောင့် ဈေးကွက်တွင်လူကြိုက်များ၍ အရောင်းအဝယ် သွက်လျက်ရှိကြောင်း ငါးရောင်းချ သူတစ်ဦး၏ ပြောပြချက်အရသိရသည်။ မြစ်ငါး၏ အာဟာရတန်ဖိုးများမှာ ပရိုတင်းဓာတ် ကြွယ်ဝပြီး အဆီနည်းကြောင်း၊ အိုမီဂါ-၃ ဖက်တီး အက်စစ်ပါဝင်သောကြောင့် နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း၊ စားသုံးမှုအနေဖြင့် မြန်မာဟင်းလျာများတွင် မြစ်ငါးများကို အမျိုးမျိုးချက်ပြုတ် စားသုံးကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)