
မြင်းခြံမြို့နယ်အတွင်းရှိ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇွန်လတတိယပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးဆန် ၁ပြည်ဈေး(၆၀၀၀-၆၅၀၀) ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာဈေး(၇၀၇၅-၇၂၆၅)ကျပ်၊ ပဲဆီသန့် ၁ပိဿာဈေး(၁၅၅၀၀-၁၆၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ပိဿာ(၁၃၀၀-၁၅၀၀)ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာ(၈၀၀၀-၉၅၀၀)ကျပ်၊ ဆိတ်သား ၁ပိဿာ(၁၉၀၀၀-၂၂၀၀၀)ကျပ်၊ ဝက်သား(သုံးထပ်သား)၁ပိဿာ(၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသား ၁ပိဿာ(၂၀၀၀၀-၂၄၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်လိုက် ၁ပိဿာ(၁၂၀၀၀-၁၄၀၀၀) ကျပ်၊ ကြက်သား(မွေးမြူရေးကြက်)အကောင်လိုက် ၁ပိဿာ(၁၅၀၀၀-၁၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၄၈၀-၅၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၅၀-၇၅၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
ဇွန်လ ဒုတိယပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်း မွှေးဆန် ၁ပြည်ဈေး(၆၀၀၀-၆၅၀၀)ကျပ်၊ ဆီ(စားအုန်းဆီ) ၁ပိဿာဈေး(၇၇၂၅-၇၉၂၅)ကျပ်၊ ပဲဆီ သန့် ၁ပိဿာဈေး(၁၅၅၀၀-၁၆၀၀၀)ကျပ်၊ ကြက်သွန်နီ ၁ပိဿာ(၁၄၀၀-၁၇၀၀)ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာ(၈၀၀၀-၉၅၀၀)ကျပ်၊ ဆိတ်သား ၁ပိဿာ(၁၉၀၀၀-၂၂၀၀၀)ကျပ်၊ ဝက်သား(သုံးထပ်သား) ၁ပိဿာ(၂၈၀၀၀-၃၀၀၀၀)ကျပ်၊ အမဲသား ၁ပိဿာ(၁၉၀၀၀-၂၂၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင် လိုက် ၁ပိဿာ(၁၂၀၀၀-၁၄၀၀၀)ကျပ်၊ ကြက်သား(မွေးမြူရေးကြက်) အကောင်လိုက် ၁ပိဿာ (၁၅၀၀၀-၁၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၅၀-၄၈၀)ကျပ်၊ ဘဲဥ(၆၀၀-၇၀၀)ကျပ်ပေါက်ဈေး များဖြင့်ရောင်းခဲ့ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုဇွန်တတိယပတ်တွင် အခြေခံစားကုန်ဈေးနှုန်း များအနေဖြင့် ဆန်၊ ပဲဆီ၊ ကြက်သွန်ဖြူ၊ ဆိတ်သား၊ ဝက်သားဈေးများမှာပြောင်းလဲမှုမရှိကြောင်း၊ အမဲသား၊ကြက်ဥ၊ ဘဲဥဈေးများမှာဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ စားအုန်းဆီနှင့် ကြက်သွန်နီဈေးနှုန်းများမှာအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)