ကုန်သွယ်မှုသတင်းများ
ကလေးမြို့နယ်အတွင်းရှိ ဆည်တောဦးကျေးရွာတွင် တောင်သူများအနေဖြင့် ဂျပန်ပဲယင်း စိုက်ပျိုးနေသည့်တောင်သူ ဒေါ်ပေါက်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မိမိအနေဖြင့် ဂျပန်ပဲယင်းသည် ပြုစုရသက်သာပြီး အခြားပဲများထက် အမြတ်ငွေပိုမိုရရှိသဖြင့် မိမိပိုင်ဆိုင်သည့် လယ် ( ၃ ) ဧကတွင် ဂျပန်ပဲယင်း စိုက်ပျိုးထားရှိပါကြောင်း မေးမြန်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလမှ စတင်၍ ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေများပေးဝေလျက်ရှိရာ နွေစပါးစီမံကိန်းပါဝင်သောရွာများသည် နွေစပါးကို စိုက်ပျိုး၍ရသော်လည်း အလှမ်းဝေးသော ရွာများဖြစ်၍ ဆည်ရေကို အားကိုးကာ မတ်လမှ စတင်၍ နှမ်းများကို စိုက်ပျိုးကြပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
၈.၃.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-