ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဖရဲသီးများစိုက်ပျိုးထားရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၇.၂.၂၀၂၃)နေ့ နံနက်ပိုင်းတွင် လေးကြီးအုပ်စု၊ လေးကြီးကျေးရွာသို့သွားရောက်၍ ဖရဲသီးစိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်တို့အား ကွင်းဆင်းလေ့လာခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ဆောင်းပဲတီစိမ်းစိုက်ပျိုးဧကမှာ (၁၉၈၄၃)ဧက စိုက်ပျိုးထားပြီးဖြစ်ပါသည်။ ရွှေတောင်မြို့နယ်အနေဖြင့် ဆောင်းပဲတီစိမ်း (၈၃၂)ဧကစိုက်ပျိုးပြီး မီးလောင်အုပ်စုတွင် (၃၈)ဧကစိုက်ပျိုးထားရှိကြောင်း သိရှိရပါသည်။

ပန်းတောင်းဒေသထွက်စစ်စစ် စိမ်းစားသီး (သရက်) ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ အသီးအရွယ်အစားမှာ လက်တစ်ဆစ်မျှသာရှိပြီး စားဖူးသူတိုင်း အရသာသိသော သရက်သီးဖြစ်၍ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့မှထွက်ရှိပါသည်။ အလုံးသေးသေးလေးတွေ ယခုအချိန်တွင်စတင်ပေါ်လာခြင်းဖြစ်၍ သရက်သီးအလုံး ကြီးသွားလျှင် အရသာအနည်းငယ် ချဉ်သွားသဖြင့် စား၍မကောင်းတော့ပါ။ လုံးဝအချဉ်ဓါတ်မရှိ၍ ကြွပ်ကြွပ်မွှေးမွှေးလေးဖြင့် စားကောင်းသဖြင့် ဈေးလည်းကြီးပါသည်။ မစားသုံးခင် ထက်ခြမ်းခွဲ အစေ့ထုတ် ရေစိမ်ထားရှိရပြီး ထမ

သံပုရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို၊ စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ သံပုရာသီးကို လူအများ အသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာပါသည်။
သံပုရာပင်စိုက်ပျိုးထွက်ရှိမှု

ဆိတ်မွေးမြူရာတွင် ဆိတ်အမျိုးအစားအလိုက်၊ နေရာဒေသအလိုက် ဆိတ်များကို စီးပွားဖြစ် ဝင်ငွေတိုးရန်အတွက် မွေးမြူကြပါသည်။ ဆိတ်များကိုမွေးမြူရာတွင် ဆိတ်ခြံများကို ကုန်းမြင့်သော ဆိတ်ခြံများတွင်လည်းကောင်း၊ ဆိတ်များကိုလွှတ်ကျောင်း၍လည်းကောင်း မွေးမြူကြပါသည်။ အစာအဖြစ် ကျွေးမွေးရာတွင်လည်း ကုန်ကျစရိတ်မှာ အခြားတိရိစ္ဆာန်များကဲသို့ ကုန်ကျစရိတ်မများပါ။ ဆိတ်များကို လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူရာတွင် အစားအစာအဖြစ် ဇီးပင်၊ ဘောစကိုင်းပင်၊ မြေဇာမြက်များကို စားသောက်ကြပါသည်။ ပဲဖတ်၊ ဝါစေ့ဖတ်၊ နှမ
