ကုန်သွယ်မှုသတင်းများ
ယာကွန်ဥသည် သဘာဝကပေးသော အလွန်အစွမ်းထက်၍ ဆေးဖက်ဝင်သော Super Food ဖြစ်ပါသည်။ အရည်ရွှမ်းပြီး ကြွပ်ဆပ်ကာချိုသောအရသာရှိသည့်အတွက် မြေအောက်ပန်းသီးဟု တင့်စားခေါ်ဝေါ်ကြပါသည်။ ယာကွန်ဥတွင် ပါဝင်သောအချိုဓာတ်သည် သွေးချို၊ ဆီးချို ဝေဒနာ ရှင်များအတွက် အန္တရာယ်မရှိသောကြောင့် ဆီးချိုဝေဒနာရှင်များစားလို့ရသည့် အစားအစာဖြစ်ပါသည်။
ဇီးသီးအမျိုးပေါင်းများစွာရှိသည့်အနက်မှ လေးပင်ဇီးသီးသည် မကွေးတိုင်း၊ ရွှေစက်တော်သို့ သွားသောလမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိသော ဇီးသီးဖြစ်ပါသည်။ ဇီးပင်၏မူရင်း ဒေသသည် အရှေ့တောင်အာရှမှဖြစ်ပြီး မျိုးရင်းမှာ (ROSACEAE) ဖြစ်ကာ ရုက္ခဗေဒအမည်မှာ Zizyphus jujuba ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ plum or jujube ဖြစ်သည်။ လေးပင်ဇီးသီးသည် အခြားဇီးသီးများနှင့် မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့် တစ်ပြိုင်တည်းအသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ခ
ကြက်ဟင်းခါးသီးအရသာသည် ခါးသည့်အရသာရှိပြီး ကျန်းမာရေးအတွက် များစွာအသုံးဝင်ကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးပင်သည် ခါးသက်သော အသီးများ သီးသည့်အပင်မျိုးဖြစ်သည်။ ကြက်ဟင်းခါးပင်၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား ဖြစ်ပြီး အခါးအရသာရှိသောအသီးများထဲတွင် အခါးဆုံးဖြစ်သည့် နွယ်ပင်တစ်မျိုး ဖြစ်သည်။ ကြက်ဟင်းခါးပင်သည် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်ပါသည်။ ကြက်ဟင်းခါးသီးကို သေချာမျိုးခွဲထားခြင်းမရှိပါ ။ အသီး၏အရွယ်ကိုလိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟူ၍သာ ခေါ်ဆိုကြပါသ
ပြည်ဈေးကွက်ရှိ အောင်ပန်းချင်းများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကား တစ်ပိဿာလျှင် ကျပ် (၁၅၀၀-၁၈၀၀)၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ်(၁၈၀၀-၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်တွင် လက်ကား (၁၇၀၀)ကျပ်နှင့် လက်လီကျပ် (၁၉၀၀) ဈေးရှိသည့်အတွက် ယခင်တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ပါက လက်ကားအနေဖြင့် တစ်ပိဿာလျှင် (၂၀၀)ကျပ် လက်လီတစ်ပိဿာလျှင် (၁၀၀)ကျပ် ဈေးလျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ ချင်း အရောင်းအဝယ်အနေဖြင့် ဒေသတွင်းရှိ လက်လီဝယ်ယူသူများဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်ကြောင
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည်လျှင် ၂၇၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ အာလူး တစ်ပိဿာလျှ
