ကုန်သွယ်မှုသတင်းများ
ပြည်ကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲဈေးများ၏ ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို အောက်ပါအတိုင်းနှိုင်းယှဉ်လေ့လာ သိရှိရပါသည်။
ပြည်ကုန်စည်ဒိုင်၏ ဖေဖော်ဝါရီလဒုတိယအပတ်တွင် မတ်ပဲတစ်တင်းကို (၆၁၀၀၀-၆၁၅၀၀) ကျပ်ဖြင့် တစ်ရက်လျှင်အိတ် (၂၀၀/၃၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် မတ်ပဲ တစ်တင်းလျှင် (၆၂၀၀၀)ကျပ်ဖြင့် တစ်ရက်လျှင်အိတ် (၄၀၀/၅၀၀)ခန့်လှောင်သမားနှင့် ရန်ကုန် အဝယ် ရှိခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ရရှိသောစာရင်းများအရ ကြံစိုက်ပျိုးမှုမှာ ခင်းသစ် ၇၅၁၆ ဧက၊ လမိုင်း ၂၉၉၅ ဧက စုစုပေါင်း ၁၀၅၁၁ ဧက ရှိပါသည်။ ယခုအခါတွင် ကြံများရိတ်သိမ်းပြီးစီးပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့်အခင်းသစ်တစ်ဧကလျှင် ၂၆.၈၅ တန်၊ လမိုင်း တစ်ဧကလျှင် ၂၀.၁၃ တန်ထွက်ရှိကြောင်း သိရှိရပါသည်။
ပြည်ခရိုင်အတွင်းတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများကို အများအပြားစိုက်ပျိုးလျက်ရှိပါသည်။
ပဲစင်းငုံသီးနှံကို ပြည်ခရိုင်တွင်စိုက်ပျိုးဧက (၁၄၇၅၈) ဧကစိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိမှုမှာ တစ်ဧကကို (၁၄)တင်းနှုန်းခန့်ထွက်ရှိပါသည်။ ပဲစင်းငုံရိတ်သိမ်းပြီးစီးမှုအနေဖြင့် ဧက(၁၅၂၀) ဧက ခန့်ရိတ်သိမ်းပြီးဖြစ်ပါသည်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် (ဟောင်း) တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ ဧရာမင်းဆန် (ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်း (ဆန်) (သစ်) တစ်ပြည်လျှင် ၃၃၀၀ကျပ်၊ ဧရာမင်း(ဆန် ) (သစ်) တစ်ပြည်လျှင် ၂၇၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ (သစ်) လက်လီဈေးနှုန်းမှာ (ကြီး) တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များထံမှ သိရှိရပါသည်။