ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်သည် ဒေသအခြေအနေအရ ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပုံမှန်ကုန်သွယ်မှုအခြေအနေ အနည်းငယ်ပြန်လည်ပြုလုပ်လာကြလျက်ရှိပါသည်။ ကယားပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များအကြား ဖေဖော်ဝါရီလအတွင်း အခြားဒေသများမှ ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၁၂၂၁၅) အိတ်/(၆၁၁) တန်ခန့်၊ ကြက်သွန်နီတင်သွင်းမှုမှာ (၇၂၀) အိတ်၊ ဆီတင်သွင်းမှုမှာ (၈၉၀) ဖာနှင့် (၂၇၀) ပုံးခန့် တင်သွင်းလာခဲ့ကြပြီး ကယားပြည်နယ်မှ အခြားတိုင်းဒေသကြီး/ပြည်နယ်များသို့ ဆန်တင်ပို့မှုမှာ (၁၂၉၅) အိတ်/(၆၅) တန်ခန့်၊ ပဲအ
၂၀၂၃ခုနှစ်၊ မတ်လဒုတိယအပတ်အတွင်း လွိုင်ကော်မြို့နယ်တွင် အခြေခံစားကုန်ဖြစ်သော ရွှေရင်အေး(ဆန်)တစ်ပြည်လျှင် (၃၄၀၀) ကျပ်၊ တရုတ်မွှေး (ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်၊ ရွှေအ(ဆန်)တစ်ပြည်လျှင် (၂၈၀၀) ကျပ်နှင့် ငစိန်(ဆန်)တစ်ပြည်လျှင် (၂၅၀၀) ကျပ်တို့ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ရှိပါသည်။
မရမ်းပင်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ (MARIANTREE)ဟု ခေါ်ဆိုကြသည်။ မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမြင့်( ၄ )စင်တီမီတာမှ (၇)စင်တီမီတာအထိ ရှိတတ်ပါသည်။ မရမ်းသီးတွင် အချိုအရသာနှင့်အချဉ်အရသာဟူ၍ (၂) မျိုးရှိပါသည်။ မရမ်းသီးပင်များသည် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ မရမ်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ရောင်းချနိုင်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှု နည်းသွ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့် ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသောငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြပါကြောင်း၊ ဒေသခံလူမျိုးများမှာလည်း ဒေသရိုးရာအစားအသောက်ဟင်းလျာများတွင် မရှိမဖြစ် နှစ်ခြိုက်စွာအသုံးပြုကြပါကြောင်းနှင့် ယခုလက်ရှိ မတ်လအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၆၀၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၂၀၀) ကျပ်သာရှိခဲ့သဖြင့် ယ
ကယားပြည်နယ်တွင် ရောင်းချနေသောဖရဲသီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာ စသည့် ဒေသများမှတင်သွင်းရောင်းချကြပါသည်။ ယခုမတ်လပထမပတ်တွင် ဖြစ်ပေါ်နေသောဖရဲသီးဈေးနှုန်းမှာ ဖရဲသီး(သေး)တစ်လုံးလျှင် ( ၅၀၀ )ကျပ်၊ ဖရဲသီး(လတ်)တစ်လုံးလျှင် ( ၇၀၀ )ကျပ်နှင့် ဖရဲသီး(ကြီး)တစ်လုံးလျှင် (၁၃၀၀) ကျပ်၊ ယခင်ဖေဖော်ဝါရီလပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သောဖရဲသီးဈေးနှုန်းများမှာ ဖရဲသီး(သေး)တစ်လုံးလျှင် (၅၀၀) ကျပ်၊ ဖရဲသီး(လတ်)တစ်လုံးလျှင် (၈၀၀) ကျပ်၊ ဖရဲသီး(ကြီ