
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ဆောင်းသီးနှံမျိုးစုံ စိုက်ပျိုးခဲ့ပြီး မိုးရာသီ သီးနှံ ဆီထွက်သီးနှံစိုက်ပျိုးခြင်း မရှိကြောင်း သိရသည်။ စိုက်ပျိုးသော ဆောင်းသီးနှံများမှာ, မြေပဲ၊ ဆောင်းနှမ်း၊ နေကြာ၊ ပန်းနှမ်း၊ စသော သီးနှံ ၆မျိုးကို စိုက်ပျိုးထားကြောင်း မြေစာရင်းဌာန၏ စာရင်းများအရသိရသည်။
နေကြာစိုက်ပျိုးသီးနှံ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုး မှု မအူပင်မြို့နယ်အနေဖြင့် (၁၁၅၅၂) ဧက။ ပန်းတနော်မြို့နယ် အနေဖြင့်၊ (၄၇၄၆)ဧက၊ ညောင်တုန်းမြို့နယ်အနေဖြင့် (၆၉၀၁)ဧက၊ ဓနုဖြူမြို့နယ်အနေဖြင့် (၁၇၆၆၀)ဧက စုစုပေါင်းခရိုင်ချုပ် အနေဖြင့်(၄၀၈၅၉) ဧကရှိကြောင်း၊ မြေပဲသီးနှံ အနေဖြင့် မအူပင်စိုက်ဧက (၂၀၁၂)ဧက၊ ပန်းတနော်၊ (၁၂၆)ဧက ညောင်တုန်း၊ (၉၆၅)ဧက၊ ဓနုဖြူမြို့နယ် (၃၃)ဧက စိုက်ပျိုးထားရှိပြီး ခရိုင်ချုပ်အနေဖြင့်(၃၁၃၆)ဧက စိုက်ပျိုးခဲ့ ကြောင်း သိရသည်။ စိုက်ပျိုးသော နေကြာ၊ မြေပဲ သီးနှံတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် ကင်းရှင်း စေဖို့ သက်ဆိုင်ရာဌာန များမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပြီး၊ နေကြာက မြေအမျိုး အစားပေါ်မူ တည်ပြီး အထွက်နှုန်း တွေ ကွာခြားပြီး အထွက်နှုန်း နည်းတဲ့မြေယာတွေကို ပိုမိုထွက်ရှိအောင် စိုက်ပျိုးနိုင်ဖို့ တစ်မြို့နယ်လုံးအနေနဲ့ အထွက်တိုးအောင် ခရိုင်နဲ့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ တောင်သူတွေ ပူးပေါင်းလုပ် ဆောင်နေကြောင်း၊ မြေပဲ စိုက်ပျိုးသော်လည်း အထွက်နည်းပြီး လုပ်ငန်းလိုအပ်ချက်များအရ အခြားဒေသထွက် မြေပဲများကို မှာယူ၍ ဆီကြိတ်ခွဲထုတ်လုပ်ကြောင်း ဦးဇော်မင်းထွန်းထံမှ သိရသည်။
မအူပင်ခရိုင် ဆီထွက်သီးနှံအမျိုးမျိုး ကြိတ်ခွဲသောဆီစက်များရှိပြီး မေလ ၁လအတွင်း ထုတ်လုပ်နိုင်မှု တန်ချိန်အနေဖြင့် မအူပင်တွင် ဆီစက် ၃စက်နှင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှု တန်(၁.၄၁)တန်၊ ပန်းတနော်မြို့နယ်မှ ဆီစက်လုပ်ငန်း ၃စက် မှ ကြိတ်ခွဲထုတ်လုပ်မှုတန် (၀.၅၃)တန်၊ ညောင်တုန်းမြို့နယ်မှ ဆီစက် ၁ စက်မှ ကြိတ်ခွဲထုတ်လုပ်မှုတန် (၀.၁၆)တန်၊ ဓနုဖြူမြို့နယ်မှ ဆီစက်လုပ်ငန်း ၂စက်မှ ကြိတ်ခွဲထုတ်လုပ်နိုင်မှု တန်(၀.၄၈)တန် ရှိပြီး မအူပင်ခရိုင်အနေဖြင့် ဆီစက်လုပ်ငန်း စုစုပေါင်း(၉)စက်နှင့် စုစုပေါင်း ကြိတ်ခွဲထုတ်လုပ်နိုင်မှု တန်(၂.၅၈) တန်ကြိတ်ခွဲနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာန၏ စာရင်းများအရ သိရသည်။ မြေပဲသီးနှံများကိုလည်း လိုအပ်ချပ်အရ အခြားဒေသမှ မှာယူကြိတ်ခွဲထုတ်လုပ် ကြောင်းလဲသိရ သည်။ စိုက်ပျိုးထွက်ရှိသော ဆီထွက်သီးနှံများ ကို ကြိတ်ခွဲထုတ်လုပ်ပေးသော ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး သည်လည်း အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြိတ်ခွဲထုတ်လုပ်သော ဆီများ ဘေးအန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် သက်ဆိုင်ရာဌာနတို့က ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခြင်း များလည်းရှိသည်။
ဆီစက်လုပ်ငန်းများအား မြေပြင်ကွင်းဆင်းပြီး စားသုံးနေကြာဆီ ထုတ်လုပ်ရောင်းချရာတွင် ကုန်ကြမ်းမှကုန်ချောသို့ ရောက်ရှိပုံအဆင့်ဆင့် အခြေအနေ များ၊ ဆီထုတ်လုပ်နေမှုနှင့် ထုတ်ပိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆီစက်လုပ်ငန်းတစ်ခုမှ နေကြာ တစ်နာရီကိုတင်း(၄)ကြိတ်ခွဲ နေပြီး မီးအားကောင်းပါက တစ်နာရီ (၆)တင်းကြိတ်ခွဲနိုင်ကြောင်း ထွက်ရှိသောနေကြာဆီများကို ဈေးကွက်ဖြန့်ဖြူးရောင်းချမှုကို မေးမြန်းခဲ့ပြီး စားသုံးသူပြည်သူများ လူတန်းစားမရွေး စားသုံးနိုင်ရန် နေကြာဆီများကို (၁)ပိဿာလျှင် ယနေ့ ဇွန်လ တတိယပါတ် ပါတ်ရောင်းဈေး ငွေကျပ်(၁၈၀၀၀)ဦ မြေပဲဆီ ၁ပိဿာ ရောင်းဈေး ငွေကျပ်(၂၂၀၀၀)ဖြင့် မြို့နယ်တွင်းသို့သာ ဈေးကွက်ဖြန့်ချီရောင်းချပေးလျက်ရှိကြောင်းနှင့် သိရှိရပါသည်။
DOCA(ဧရာဝတီ)