ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Feb 2023

        ဝါသီးနှံကုန်ဆုံးလုနီးလာပြီး ယခုဖေဖော်ဝါရီလဆန်းတွင် အရည်အသွေးအနည်းငယ်နိမ့်သည့် ဒေသအခေါ်‘ဝါလေ’များကို ကောက်သိမ်းနေကြပါသည်။ဝါလေစျေးမှာလည်း ယခုနှစ်ဝါစျေးကောင်းခြင်းကြောင့် တစ်ပိဿာ (၂၈၀၀) ကျပ် ဝန်းကျင်ရရှိကြပါသည်။ ဝါစိုက်တောင်သူများမှာ ဒေသဓလေ့အရ အချို့သော ကျေးရွာများတွင် ကောက်သိမ်းရရှိသည့် သီးနှံရောင်းစျေးအပေါ် ပိုင်ရှင်နှင့်လုပ်သား ထက်ဝက်မျှ ရယူကြသော်လည်း၊ အချို့သော ကျေးရွာများတွင် စျေးကောင်း ရရှိသဖြင့် လုပ်သားအား ‌နေ့စားဖြင့်သာ ပေးချေကြပါသည်။ လုပ်သားခမ

13 Feb 2023

          ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးအနည်းငယ်မြင့်တက်လာပြီး ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးများ အနည်းငယ်ကျဆင်းလာ ကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။

13 Feb 2023

     မိတ္ထီလာခရိုင် မလှိုင်မြို့နယ်သည် ပဲစင်းငုံကို မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအများဆုံး စိုက်ပျိုးကြရာ ယခုနှစ် ပဲစင်းငုံပေါ်စ ဒီဇင်လာလတွင် တစ်တင်း (၅၅၀၀၀) ကျပ် ရှိသော်လည်း လက်ရှိ ဖေဖော်ဝါရီလဆန်းတွင် တစ်တင်း(၆၀၀၀၀) ကျပ် ဝန်းကျင်အထိ စျေးမြင့်လာပါသည်။ပဲစင်းငုံမှာအိန္ဒိယသို့ အများဆုံးတင်ပို့ကြောင်းသိရပြီး၊ ဒေသတွင်း၌လည်း စားသုံးမှုရှိသော သီးနှံဖြစ်ပါသည်။ ပဲစင်းငုံစျေး၊ ကုလားပဲစျေးနှင့် နှိုင်းယှဉ်ပါက စျေးနိမ့်ခြင်းကြောင့် ကုလားပဲခြမ်းအစား ပဲစင်းငုံခြမ်းကို စားသုံးမှုပိုလာက

13 Feb 2023

        မိတ္ထီလာခရိုင်တွင် ဝါသီးနှံကို အများဆုံးစိုက်ပျိုးပြီး၊ ဝါကောက်သိမ်းရာသီမှာ အောက်တိုဘာလမှစ၍ မတ်လအထိကောက်သိမ်းနိုင်သော်လည်း ယခုနှစ် ဝါသီးရင့်မှဲ့ချိန်၌ မိုးများခဲ့ခြင်းကြောင့် အသီး၊ အပင်များထိခိုက်ကာ ဒီဇင်ဘာလအထိသာ ကောင်းစွာကောက်သိမ်းနိုင်ခဲ့ပါသည်။ ဝါသိုလှောင်ဝယ်ယူသူများအနေနှင့် ဝါကိုများစွာသိုလှောင်မှုမရှိဘဲ ဂွမ်းအဖြစ်သာ သိုလှောင်ကြရာ ယခင်တစ်ပတ် ဝါဂွမ်းစျေးနှုန်းတစ်ပိဿာလျှင် (၆၂၀၀) ကျပ်ရှိခဲ့သော်လည်း၊ ယခုဖေဖော်ဝါရီလဆန်းတွင် (၇၂၀၀) ကျပ်စျေးရှိကြောင်း၊ ယခင်အပတ်နှင့်ယခု

13 Feb 2023

        မိတ္ထီလာခရိုင်အတွင်း ဇီးချဉ်သီးပင်ကို သီးသန့်အနေနှင့် ဂရုပြုစိုက်ပျိုးရန်မလိုအပ်ဘဲ လယ်ကန်သင်းများတွင် အလေ့ကျပေါက်လေ့ရှိပါသည်။ ဇီးချဉ်သီးမှာ စျေးကွက်တွင် ဆိတ်စားဇီးသီး၊ ရိုးရိုးအချဉ် သီးဟူ၍ ရှိပါသည်။ ဇီးချဉ်သီးမှာ ဒီဇင်ဘာလမှစ၍ ကောက်သိမ်းနိုင်ပြီး၊ ဖေဖော်ဝါရီ၊မတ်လများအထိ ကောက်သိမ်းနိုင်ပါသည်။ ဇီးချဉ်ပင်မှရရှိသော ဇီးသီးအမှည့်ကို စျေးကွက်သို့ မူလအတိုင်းသော်လည်းကောင်း၊ တောင်သူမှ တစ်ပိုင်တစ်နိုင်မွေးမြူထားသော ဆိတ်များအားအစာအဖြစ် ကျွေးမွေးပြီးနောက် ရရှိသော ဇီးစေ့ခွံများအား

Pages