ကျောက်ဖရုံသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ရွာသာရွာ၊ ဖရင်းရွာ၊ ခေါင်းကွဲရွာနှင့် ပတ္တာကျေးရွာများတွင် ကျောက်ဖရုံသီးများကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ တန်ခူး၊ ကဆုန် မိုးဦးကျကာလများတွင် စတင်စိုက်ပျိုးကြပြီး တော်သလင်းနှင့် သီတင်းကျွတ်လများတွင် အသီးများ ခူးဆွတ်၍ ရာသီချိန်ကုန်ဆုံးကြောင်း၊ စိုက်ပျိုးချိန်မှ (၄၅-၆၀)ရက်ကြာလျှင် အသီးနုများ စတင်ခူးဆွတ်ကြောင်း၊ ကျောက်ဖရုံသီးအသေးတစ်လုံးလျှင် (၂၀၀၀-၂၅၀၀)ကျပ်၊ အကြီးတစ်လုံး လျှင် (၃၀၀၀-၄၀၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသအတွင်းရှိ တောင်သူများက မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ ကုန်စိမ်းပွဲရုံများသို့ လာရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် ဒေသတွင်းစားသုံးရန် ရောင်းချကြကြောင်းနှင့် တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး မိသားစုတစ်နိုင်တပိုင် ဝင်ငွေရရှိကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)