မိတ္ထီလာ ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Powered by Drupal

          မိတ္ထီလာ ဈေးကွက်တွင် ဇွန်လ တတိယပတ်၌ ပြည်ပဝယ်လက်များက အဝယ်လိုက်လာသဖြင့် အရောင်းအဝယ်အနည်းငယ်ပြန်တက်လာကြောင်း သိရပါသည်။ မေလကုန်ပိုင်းမှစ၍ ပြည်တွင်းဝယ် လက်များသာရှိသဖြင့် ဈေးအေး ၊ အရောင်းအေးနေရာ တစ်ပိဿာ ၉၀၀-၁၀၀၀ ကျပ် မှ ဇွန်လဆန်း ၌ တစ်ပိဿာ ၇၀၀-၈၀၀-၉၀၀-၁၀၀၀ ကျပ်သို့ ဈေးနှုန်းကျဆင်းသွားပါသည်။ ယခု ဇွန်လတတိယ ပတ်မှာတော့ ပြည်ပဝယ်လက်များဖြစ်သည့် တရုတ်နှင့်ဗီယက်နမ်တို့ မှ ဝယ်လိုအားရှိလာကြောင်းသိရ သည်။ ဇွန်လတတိယပတ်အတွင်း မိတ္ထီလာ ၊ မလှိုင်မြို့နယ် များမှ ပြည်တွင်းဝယ်လက်များဖြစ်သည့် ရန်ကုန် ၊ ပဲခူး ၊ တောင်ကြီး ၊ တာချီလိတ်မြို့များသို့ (၆)ဘီးကား ၊ (၁၂)ဘီးကားများဖြင့် အခြားကုန်များ နှင့် ရော၍ လည်းကောင်း ၊ တရုတ်ဝယ်လက်သို့ မိုင်းလားမှတဆင့် ၊ ဗီယက်နမ်ဝယ်လက်သို့ မော်လမြိုင်မှ တဆင့် (၁၂)ဘီးကားစီးလုံးဖြင့်လည်းကောင်း တင်ပို့ရာ ဗီယက်နမ်ဝယ်လက်အတွက် စုဆောင်းဆဲဖြစ်၍ အနည်ငယ်သာတင်ပို့နိုင်သေးကြောင်း ဈေးကွက်မှသိရပါသည်။ လက်ရှိပေါက်ဈေး မှာ လက်ကားဈေး တစ်ပိဿာလျှင်၇၀၀/ ကျပ်မှ ၁၀၀၀/ ကျပ်ဈေးရှိပြီး ပြည်ပတင်ပို့ရာတွင် ၁၀၀၀/ ကျပ်ဈေးရှိ ကြက်သွန်နီများကိုသာ တင်ပို့ကြောင်း သိရပါသည်။

DOCA(မန္တလေး)