ကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေး လျက်ရှိရာ ယခုအခါ မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင် ရောင်းချလျက် ရှိပါသည်။
ဒညင်းသီး (အကြီး) (၁၀)လုံးလျှင် ၅၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၄၅၀၀၀ကျပ်၊ အလတ် ၁၀ လုံးလျှင် ၃၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၂၅၀၀၀ ကျပ်၊ အသေး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၁၀၀၀၀ ကျပ် အထိ ဈေးနှုန်းအသီးသီး ရှိပါသည်။

တောင်ငူမြို့ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်သည်လည်း လူကြိုက်များသော ငါးခြောက်တစ်မျိုး ဖြစ်ပါသည်။ အရသာမှာချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက် တစ်မျိုး ဖြစ်ပါသည်။
ယခင်လက အာဗြဲခြောက် တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၅၅၀၀၀ ကျပ် ဖြင့် ရောင်းချရာမှ ယခုလတွင် တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ငရုတ်သီးများကို ကျွန်းဦး၊ ကျွန်းညို၊ ပခုက္ကူကျွန်းများနှင့် မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စုကျေးရွာများတွင် ငရုတ်သီး များကို စိုက်ဧက(၂၅၀၀၀)ကျော် တစ်ကွင်းတစ်စပ် စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပန်းရဲ၊မျှားနီနှင့် အစပ်သီး အမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နွေစပါး ၂၀၀၃၀ ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းအရ သိရှိရသည်။ နွေစပါး စိုက်ရာတွင် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသော ထိုင်းနှံကောက်၊ ဆင်းသုခ ရက် (၉၀) စပါးများ စိုက်ပျိုးကြသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် ပုပ္ပါးဒေသထွက်ခရမ်းချဉ်သီးများအပြင် ဒေသထွက်ခရမ်းချဉ်သီးများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိ ရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက် အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးမှာ
