ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ရောင်းခ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့ရှိ ဧပြီလတွင် ရောင်းချနေ သော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၂၀၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀ ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၆၀၀ ကျပ်၊ ဇော်လုံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် (၁၆၀၀-၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ အာဗြဲခြောက် အချိုခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀-၆၀၀၀) ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သား လျှင် (၂၈၀၀-၃၀၀၀) ကျပ်၊SP ခြောက် (ငဖီးမ)ခြောက်တစ်ဆယ်ကျပ်သားလျှင် ၁

မြန်မာတို့တွင် (၁၂)လ ရာသီ ပွဲတော်များ ကျင်းပလျက်ရှိရာ ဧပြီလတွင် ကျရောက်သော သင်္ကြန်ပွဲတော်သည် အစည်ကားဆုံး ဖြစ်သည်။ မြန်မာနှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြိုဆို သော အဆိုပါ သင်္ကြန်ပွဲတော် ကာလတွင် မြန်မာ့ထုံးထမ်းအစဉ်လာအရ ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုလ်မင်းသည် လူပြည်သို့ ဆင်းသက်လာသည်ဟု အယူရှိကြပါသည်။

ဖြူးမြို့နယ် မြို့မဈေးတွင် ယခင်လ တတိယအပတ်တွင် အာလူး ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၅၀၀၀ မှ ၅၅၀၀ ထိရှိခဲ့ပြီး ယခုလ လဆန်းပိုင်းတွင် အာလူးတစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ် ၊ အလတ် ၇၀၀၀ ကျပ် နှင့် အကြီး ၇၅၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း မြင့်တက် သွားကြောင်း သိရှိရပါသည်။
