ကုန်သွယ်မှုသတင်းများ
ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၉.၄.၂၀၂၅) မှ (၂.၅.၂၀၂၅) နေ့ထိ ဆန် ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ် မြို့နယ်များမှ ကြားပျံ (၉၅၄၀) အိတ်၊ ပေါ်ဆန်းမွှေး (၂၃၅၈၉) အိတ်၊ ပေါ်ကျွဲ (၅၆၉၈) အိတ်၊ ဧည့်မထ (၅၇၉၂၁) အိတ်၊ ဆန်ကွဲ (၁၁၁၄၁) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၃၉၂၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြ

ပြည်ဈေးကွက်၌ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သော မထော၊ ဇီးအုပ်၊ ပေါက်ကုန်း၊ တောင်ခွေးရဲ၊ ကင်ပွန်းခြုံ၊ မှော်ဇာ၊ အောင်မြေ၊ နဝင်း၊ ချောင်းနားတန်းရွာများနှင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဆင်တဲ၊ ဖိုးခေါင်၊ မန်ကျည်းစုရွာများမှ ပြည်မြို့လက်လီ မြို့ပေါ်ဈေးများသို့ ယခုကာလရာသီစာ အဖူးများဖြစ်သော ညောင်ဖူး၊ ကုက္ကိုဖူး၊ တရုတ်စကားဖူးများ အဝင်ရှိကာ အရောင်းသွက်လျက်ရှိနေသည်။ တစ်ရက်လျှင်ရာသီစာဖူးများ (ပြုတ်ပြီးသား) ပိဿာချိန် (၅၀)ခန့်နေ့စဉ်အဝင်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှ

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ ၏ ကြက်သွန်နီ လက်ကျန် အခြေအနေများ အား အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ

၅.၅.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) ကျပ် ၅၀၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၈၀၀၊ ရေစကြို ထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၅၇၀၀ ၊ ကြံသကာ(ရှမ်း) ကျပ် ၃၃၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ၅၀၀၀ မှ အများဆုံး ကျပ် ၅၂၀၀၊ မန်ကျည်းသီး များဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ ကျပ် ၅၈၀၀ ၊ မန်းကျည်းသီး အသား(သစ်)

ပြည်ဈေးကွက်တွင် စားသုံးဆီဖြစ်သော မြေပဲဆီဈေးနှုန်းများမှာ ယခင်ရက်များ နှင့်စာလျှင် အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့အနေဖြင့် နှမ်းဆီထက် မြေပဲဆီကို စားသုံးမှုများခြင်း နယ်မြို့များမှလည်းဝယ်ယူမှုရှိခြင်းတို့ကြောင့်မြေပဲဆီဈေးများမြင့်တက်လာခဲ့သည်ဟုသိရပါသည်။ ဆီစက်များ အနေဖြင့်လည်းစားသုံးသူမှုပိုများသောမြေပဲဆီကိုသာကြိတ်ခွဲမှုများပါသည်။
