ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ပုဂံပဲများကို မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘ

၂၀၂၅ခုနှစ်၊ မေလ ပထမပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း နာနတ်သီးများ များပြားစွာဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုနာနတ်သီးများအား မွန်ပြည်နယ် ကျိုက်ကော်မြို့နှင့် ရေးမြို့တို့မှ အသီးသီးဝင်ရောက်နေကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဈေးရောင်းချသည့် ဈေး သည်များနှင့် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်လျက်ရှိရာတွင် မိသားစု စားဝတ်နေရေး အတွက် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီပွင့်ကို ကန့်ဘလူ၊ ကျွန်းလှဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ၊ ထောပတ်ပဲသီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသော ကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၂၅ခုနှစ်၊ မေလ ပထမပတ်တွင် ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်ဈေးအတွင်း နာနတ်သီးများ များပြားစွာဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ထိုနာနတ်သီးများအား မွန်ပြည်နယ် ကျိုက်ကော်မြို့နှင့် ရေးမြို့တို့မှ အသီးသီးဝင်ရောက်နေကြောင်း သတင်းရရှိပါသည်။
