ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရှိ သပြုကျေးရွာအတွင်း၌ သတ္တုရေကြိုပုံလောင်းလုပ်ငန်းများကို ဂျပန်ခေတ်ကျော်ထဲက လုပ်သားဦးရေထောင်နှင့်ချီ၍ စတင်ထုတ်လုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ သတ္တုကိုသန့်စင်၍ ထုတ်လုပ်ရာတွင် ဒယ်အိုးဆိုဒ်စုံ၊ မိုးဗြဲဒယ်၊ ပန်ကာဆိုဒ်စုံ၊ ငရုတ်စုံဆိုဒ်စုံ၊ လျှပ်စစ်မီးကလစ်၊ အသံချဲ့စက်ဟွန်း၊ အလှဆင်အိုး၊ ရေနွေးအိုးများစသည်ဖြင့် ထုတ်လုပ်လျက်ရှိကြောင်းသိရပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကုန်ကြမ်းအား စော်ဘွားကြီးကုန်း၊ တောင်ဒဂုံတို့မှ ဒါန်သ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/79_14.jpg?itok=KrXgiXjF)
ပြည်ဈေးကွက်မှာဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်းသီးများ ဝင်ရောက်မှုများ နေခဲ့ပါသည်။ တစ်ရက်လျှင် အိတ် (၈၀၀/၉၀၀) ကျော်အထိဝင်ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် ဝင်ရောက်လာသမျှ အဝယ်ရှိကြောင်းသိရပါသည်။ ရန်ကုန်၊ မန္တလေးလိုင်းသမားများ အဓိက ဝယ်ယူမှုရှိတာကြောင့် အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပဲဈေးနှုန်း အနေဖြင့် ပိဿာ (၂၀)တစ်တင်းလျှင် (၉၇၀၀၀)ကျပ် မှ (၉၈၀၀၀၀)ကျပ်အထိ ပဲအရည်အသွေး အလိုက် ဈေးကွာခြားမှုရှိခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ယခင်နှစ်ကပြည်ပဝယ်လက်ဈေးကွက်မှာ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21_23.jpg?itok=ZA1x79es)
ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုံမှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ်ရှိရပ်ကွက်များနှင့် ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချ ကြကြောင်းသိရှိရပါသည်။ ပြည်ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ငွေနှင်းမှုံမှိုကို ကန်စွန်းရွက်နှင့် ရော၍ ကြော်စားခြင်းဖြင့် လည်းကောင်း၊ ငရုတ်သီး၊ မျှင်ငါးပိနှင့် အစပ်ဟင်းချက်၍ သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပြီး သက်သတ်လွတ်သမားများလည်း အကြိုက်တွေ့ စေမည့် ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့အတ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/20_25.jpg?itok=YKn1F_PI)
ပြည်မြို့၏ဈေးကွက်များအတွင်းသို့ ဆောင်းရာသီဒီဇင်ဘာလတွင် သင်္ဘောသီးအမှည့်များ လာရောက်ရောင်းချကြောင်း သိရပါသည်။ ဆောင်းရာသီတွင် သင်္ဘောသီးအမှည့်များမှာ ဓါတ်စာ တစ်ခုလည်းဖြစ် လှိုင်လှိုင်ပေါတဲ့အချိန်လည်းဖြစ်၍ ဈေးမှာလည်း အကြီးတစ်လုံးလျှင် (၂၀၀၀) ကျပ်မှ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ် အထိရောင်းချကြောင်းသိရပါသည်။ သင်္ဘောသီးများ ရင့်မှည့်ချိန် ဖြစ်၍ သင်္ဘောသီးစိမ်းများမှာ ရှားပါးလာမှုကြောင့် ဈေးမြင့်တက်လာပါသည်။ သင်္ဘောသီးအစိမ်း များကို အသုတ်သမားများက ဝယ်ယူမှုရှိ၍ အကြီးတစ်လုံးလျှင် (၁၅၀၀)
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/19_22.jpg?itok=XYBE__rM)
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ပဲစောင်းလျား သီးများ စိုက်ပျိုးထားရှိပါသည်။ ပဲစောင်းလျားသီးကို ယခုလိုဆောင်းရာသီအချိန်တွင် စတင်ထွက် ပေါ်လာပြီး (၃) လခန့်ခူးယူရောင်းချရပါသည်။ ပဲစောင်းလျားသီး (.၂၅) ဧကတွင်စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ် အနေဖြင့် (၆၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ ပဲစောင်းလျား သီးများထွက်ပေါ်ချိန်တွင် နှစ်ရက်ခြားတစ်ခါ ခူးဆွတ်ရပြီး ခူးဆွတ်အကြိမ်အရေအတွက်မှာ (၄၅)ကြိမ်ခူးဆွတ်ရပါသည်။ ပဲစောင်းလျားသီး တစ်ကြိမ်ခူးဆွတ်လျှင် အသီးအရေအတွက်မှာ (၃၀
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/18_26.jpg?itok=97yNTnOs)