ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2025

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဈေးရောင်းချသည့် ဈေး သည်များနှင့် စားသုံးသူပြည်သူများ စည်ကားသိုက်မြိုက်လျက်ရှိရာတွင် မိသားစုစားဝတ်နေရေး အတွက် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ် (ခေါ်) မုံလာထုတ်ကို ကန့်ဘလူဒေသထွက်၊ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက် များ နှင့် မန္တလ

09 May 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုး ရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင်သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကား လျက်ရှိသည့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

09 May 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ခဝဲသီးများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

09 May 2025

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

09 May 2025

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်အတွင်းတွင် မိမိတို့ မိသားစု စားဝတ် နေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ  စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချ ကြသည့်အတွက် မိမိတို့ ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ဈေးသက်သာပြီး လတ်ဆတ်သော ဒေသတွင်း 

Pages