ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 May 2025

     Gotianun မိသားစုမှ Filinvest Development Corporation (FDC) သည် ကုမ္ပဏီ၏ အိမ်ခြံမြေ၊ လျှပ်စစ်ဓာတ်အားပေးရေးနှင့် ဧည့်ဝတ်ပြုရေး လုပ်ငန်းများကို ချဲ့ထွင်ရန် ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်အတွက် ပီဆို ၂၄ ဘီလီယံခန့် ခွဲဝေသတ်မှတ်ခဲ့ပါသည်။ FDC၏ ဘဏ္ဍာရေးအရာရှိချုပ် Ven Christian Guce က အဖွဲ့၏ ၂၀၂၅ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်သည် ယခင်နှစ် ပီဆို ၂၀ ဘီလီယံထက် ၂၀ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Guce က ယခုနှစ်တွင် ကုမ္ပဏီ ရင်းနှီး

07 May 2025

     ဂျပန်နိုင်ငံ ကုန်သွယ်လုပ်ငန်းစုကြီး Mitsubishi ကော်ပိုရေးရှင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုများထဲမှတစ်ခုဖြစ်သည့် Ayala ကော်ပိုးရေးရှင်း နှင့် ပီဆို ၁၈.၄ ဘီလီယံခန့် ရင်းနှီးမြှပ်နှံမှုသဘောတူညီချက်ကို AC Ventures ၏လက်အောက်ခံ ရှယ်ယာအသစ်များ ရယူရန်အတွက် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါသဘောတူညီချက်တွင် ဘုံရှယ်ယာ ၁၈သန်းကို ဝယ်ယူရမည်ဖြစ်ပြီး Mitsubishi သည် Ac Ventures တွင် ၎င်း၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပေးအပ်ခြင်းဖြင့် Ayala ၏ ရှယ်ယာတစ်ဝက်ခန့် လျော့ချနိုင်ကြောင်

07 May 2025

     ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် BIMSTEC အဖွဲ့ဝင်နိုင်ငံများအား အခြေခံ သဘောတူညီမှု လက်အောက်ရှိ ကုန်သွယ်‌ရေးနှင့်ဆိုင်သော အရေးကြီး အခြေခံသဘောတူညီမှု ၆ ချက်ကို အချိန်မှီ ပြီးမြောက်အောင် ဆောင်ရွက်ရန်အတွက် ပူပေါင်းဆောင်ရွက်ပေးရန် အထူးခေါ်ကြားခဲ့ကြောင်း သိရပါသည်။ ဧပြီလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ကျင်းပသော BIMSTEC ၂၅ ကြိမ်မြောက် အကြီးတန်း အရာရှိများ  အစည်းအဝေးပွဲ(SOM)တွင် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် အဖွဲ့ဝင် ၅ဦးအား နိုင်ငံခြားရေးဝန်ကြီး Jashim Uddin က အယူခံဝင်ခဲ့ကြောင်း

07 May 2025

    အဖိုးတန်သီးနှံများစိုက်ပျိုးရန်ရေးပန်းစားသည့် အာဖဂန်နစ္စတန်အနောက်ပိုင်း Herat ပြည် နယ်တွင် Saffron ရိတ်သိမ်းမှုမြင့်တက်လာကြောင်းသိရသည်။ Saffron ရိတ်သိမ်းမှုသည် တစ်နှစ် ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း Herat စိုက်ပျိုးရေးဌာန၏ Saffron တင်ပို့မှုမြှင့် တင်ရေး အကြီးအကဲ Bashir Ahmad Ahmodi ၏ အဆိုကို ကိုးကား၍ Tolonews က ဧပြီလ ၆ ရက် နေ့ကဖော်ပြခဲ့သည်။ ယမန်နှစ်က Herat ခရိုင်အတွင်း Saffron တန်ချိန် တန် ၄၀ ကျော် ရိတ်သိမ်းခဲ့ ကြောင်းသိရသည်။ ယခုနှစ်တွင် Saffron စိုက်ပ

07 May 2025

    သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်ကျောက်မျက်ရတနာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် စီစဉ်နေကြောင်း သီရိလင်္ကာအမျိုးသားကျောက်မျက်နှင့် လက်ဝတ်ရတနာ အဏာပိုင် အဖွဲ့မှ ဧပြီလ ၄ ရက်နေ့က ပြောကြားခဲ့သည်။ အမျိုးသားကျောက်မျက်နှင့် လက်ဝတ်ရတနာအဖွဲ့ ဥက္ကဌ Naveen Sooriyarachchi က လက်ရှိတွင် ကျောက်မျက်ရတနာများ၏ ၉၀ ရာခိုင်နှုန်းအား အလွတ်သဘောလမ်းကြောင်းများမှ တစ်ဆင့်တင်ပို့လျက်ရှိပြီး တင်ပို့မှုကို ပိုမိုကောင်းမွန်အောင် ထိန်းညှိနိုင်ရန်အစိုးရက အဆိုပါလုပ်ငန်းကို တရားဝင်ဖြစ်အောင်လု

Pages