ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်မြို့နယ်များတွင် ကျေးရွာဒေသများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ရာသီအလိုက် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ထိုသို့ထွက်ရှိလာသော သီးနှံများအနက် ခရမ်းချဉ် သီးများကို မိသားစုစားသုံးပြီး ပိုလျှံပါက ဒေသခံများက မြို့နယ်စည်ပင်သာယာဈေးများသို့ ရောင်းချကြသဖြင့် ဒေသထွက် လတ်ဆတ်သော ခရမ်းချဉ်သီးများ ဈေးကွက်တွင် အလုံးအရင်း ဖြင့် ဝင်ရောက်လာနေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် မိသားစု စားဝတ်နေရေးတွက် မိမိတို့ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် ညောင်ရွက်များကို လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက် သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
