ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မိုးမလင်းဈေးတွင် နေ့စဉ် လာရောက် ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက် သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် နေ့စဉ်လာရောက်ရောင်းချသူများ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး အသား/ငါးနှင့် အခြားစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ ကြက်သားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ သစ်သီးမျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ် ဖရဲသီးများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဒေသထွက် သီးနှံအပြင် မန္တလေး နှင့်ပြင်ဦးလွင်မြို့များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဖရဲသီး သည် အရည်ရွှန်း၍ ချိုပြီး အေးမြသောသီးနှံဖြစ်၍ ဝယ်ယူစားသုံးမှုများကြောင်း၊ အသီးကို စိပ်၍သော် လည်းကောင်း၊ ဖျော်ရည်လုပ်၍သော်လည်းကောင်း စားသုံးမှုများကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အမှတ်(၁)မြို့မဈေးနှင့် ပန်းခြံဈေးရှိ ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ (ဖြူ)များလည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ မြစ်ခြေ၊ ကမ္မ မြို့နယ် များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။