ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပေါ်ဉီးပေါ်ဖျား သရက်ဖူးနှင့် ပဲစောင်းလျားသီးဈေးနှုန်း

Powered by Drupal

                  ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ပေါ်ဉီးပေါ်ဖျားဖြစ်သည့် သရက်ဖူးများကို ရောင်းချလျက်ရှိပါသည်။ သရက်သီး သီးကင်းမဝင်ခင် အဖူးများပေါ်ထွက်သည်ဖြစ်ရာ ရာသီစာ သရက်ဖူးများကို တို့စရာအတို့အမြုပ်အဖြစ် ရောင်းချ လျက်ရှိကြောင်း သိရသည်။

            ၂၀၂၆ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော သရက်ဖူးဈေးနှုန်းမှာ သရက်ဖူး (၁၀)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-)ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပဲ စောင်းလျားသီးများကို ပြုတ်ပြီး အတို့အမြုပ်အဖြစ်လည်းကောင်း၊ သုပ်စား၍လည်းကောင်း ရောင်းချကြကြောင်း၊ ပဲစောင်းလျားသီး (၅)ပင်ပါ (၁)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)