ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Sep 2022

        လားရှိုးမြို့ရှိဈေးကွက်များတွင် ဩဂုတ်လတတိယအပတ်မှစ၍ ဘိလပ်မြေဈေးနှုန်းများ သိသိသာသာတက်လာကြောင်းသိရှိရပါသည်။ မိုးတွင်းကာလဖြစ်သော်လည်း လားရှိုးမြို့ပေါ်နှင့် အနီးတစ်ဝိုက်မြို့နယ်များတွင် Construction လုပ်ငန်းများအနည်းနှင့် အများအလုပ်ဖြစ်လျှက် ရှိပါသည်။ သို့ရာတွင် ယခင်က Crown(၅.၂၅)တစ်အိတ်လျှင် (၇၀၀၀)ကျပ်ခန့်ရှိပြီး AAA (၄.၂၅) တစ်အိတ်လျှင်(၈၀၀၀)ကျပ်ခန့် ရှိကြောင်းသိရှိရပါသည်။ ယခုအချိန်တွင် Crown(၅.၂၅) တစ်အိတ်လျှင် (၁၁၀၀၀)ကျပ်နှင့် AAA (၄.၂၅)တစ်အိတ်လျှင် (၁၀၀၀၀)ကျပ်ထိမြင့်

13 Sep 2022

   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဒေသခံအများစု အဓိကထားစားသုံးလျက်ရှိ သောဒေသထွက်ရှမ်းဆန်များသည် ယခင်နေ့များထက် ဈေးနှုန်းများမြင့်တက်လာကြောင်း သိရှိရ ပါသည်။ ယခင်နေ့များတွင် ရှမ်းဆန်(၄၅၆)အမျိုးစား တစ်အိတ်လျှင် ၄၈၀၀ဝိ/-ကျပ်၊ (၈၈၁) အမျိုးအစား တစ်အိတ်လျှင် ၄၄၀၀ဝိ/-ကျပ်နှင့် (၅၀၂)အမျိုးအစား တစ်အိတ်လျှင် ၃၉၀၀ဝိ/-ကျပ်ဖြင့်ရောင်းချကြပြီး ယခုစက်တင်ဘာလပထမအပတ်တွင် ရှမ်းဆန်(၄၅၆)အမျိုးစား တစ်အိတ်လျှင် ၈၅၀၀ဝိ/-ကျပ်၊ (၈၈၁)အမျိုးအစား တစ်အိတ်လျှင် ၆၅၀၀ဝိ/-ကျပ်နှင့် (၅၀၂)အမျိုးအ

12 Sep 2022

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၈၅၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၁၅၀၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၅၅၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၁၃၀၀၀၀)ကျပ်၊ ဇာမဏီ(ကွန်ပေါင်း) တစ်အိတ် (၆၅၀၀၀)ကျပ်ဖြင့်အရောင်း အဝယ်ရှိခဲ့ ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ် ၊

12 Sep 2022

      ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြို့နယ်များ၌ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ကြံစိုက်ပျိုးသူများ များပြားပြီး ၂၀၂၁-၂၀၂၂ ခုနှစ် ကြံစိုက်ဧကမှာ (၁၂၆၈၅၀)ဧက ရှိပါသည်။ ထီးချိုင့်မြို့နယ်တွင် သကြားစက်(၃)စက်ရှိပြီး ကြံကုန်ကြမ်း တန်ချိန် ၇ သိန်းနီးပါ ကြိတ်ခွဲနိုင်ခဲ့သည့်အတွက် သကြားတန်ချိန် ၇ သောင်းကျော်ထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာနစာရင်းများအရ သိရှိရသည်။

Pages