ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Sep 2022

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှစတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ ဩဂုတ်လဒုတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင်ကျပ်၄၆၅၀၀၊ ပဲစဉ်းငုံတစ်တင်းလျှင်ကျပ် ၅၈၃၀၀၊ မတ်ပဲ တစ်တင်းလျှင်ကျပ် ၅၈၃၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၅၁၅၀၀၊ ကုလားပဲ 929 တစ်တင်းလျှင်ကျပ် ၅၂၈၀၀၊ ကုလားပဲ V2 တစ်တင်းလျှင်ကျပ် ၅၆၀၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင်ကျပ် ၅၆၈၀၀ ဈေးနှုန်းများဖြင့်

08 Sep 2022

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဩဂုတ်လ(နောက်ဆုံး)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်နှင့် ကန့်ဘလူခရိုင်တို့တွင် ဈေးအနည်းငယ်တက်နေပြီး၊ ကလေးခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ ဆန်ဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

08 Sep 2022

       ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ‌နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀ ၊ မန္တလေးသို့ အိတ်ရေ၆၀၄၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၄၃၄၀၀၊ တန်အားဖြင့် ၇၁၇၀တန် စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆ

08 Sep 2022

         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ ကြက်/ဘဲများကို ဒေသတွင်းနေထိုင်လျက်ရှိသော စားသုံးသူပြည်သူများအနေဖြင့် လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန် အတွက် တိုင်း/ပြည်နယ်ဒေသများသို့ နေ့စဉ်လက်လီ/လက်ကား ဖြန့်ဖြူးတင်ပို့ရောင်းချလျက်ရှိပါ သည်။

08 Sep 2022

         အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၂၅)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီ

Pages