ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ငါးမြင်းဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ကန့်ဘလူမြို့နယ်၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ငါးများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားကုန်သည်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇွန်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးမြင်းခုတ်သား(၁)ပိဿာလျှင် (၂၄၅၀၀)ကျပ်၊ ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ် ဖြင့်ရောင်းချကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သိရသည်။

Doca(စစ်ကိုင်း)