ကုန်သွယ်မှုသတင်းများ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၂၃) ရက်နေ့မှ ဩဂုတ် လ (၂၉) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၁၅၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး အလုံးကြီး ကျပ် ၄၀၀၊ အလုံးလတ် ကျပ် ၃၀၀ ၊ အလုံးသေး ၂၀၀ မှ ၁၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ် ကျပ် ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၇၀၀၊ အလုံးလတ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည် နှစ်စဉ်ဆန်စပါးအများဆုံးစိုက်ပျိုး ထွက်ရှိရာမြို့နယ်တစ်ခုဖြစ်ပြီး မဲဇလီရေလွှဲဆည်၏ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဆည်ရေများဖြင့်ပေးဝေ၍ လယ်ယာစိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးကြပါသည်။ ပွင့်ဖြူမြို့နယ်တွင် ဧရာပဒေသာစပါးကို ဒေသအသီးသီးမှ စိုက်ပျိုးသော်လည်း ကုန်ဇောင်းဒေသမှ ထွက်ရှိသော ဧရာပဒေသာဆန်အမျိုးအစားမှာ အရည် အသွေးကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုတွင် လူကြိုက်များသဖြ
မုံရွာမြို့တဖက်ကမ်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်တောင်းအုပ်စု ၊ တုံအုပ်စုနှင့် ထန်းဇင် အုပ်စုရှိကျေးရွာမှာ နှစ်စဥ်ဆောင်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြသည့်ဒေသများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ယခုနှစ် ရာသီကုန်ခါနီးလက်ကျန် ကြက်သွန်နီများ ဈေးကောင်းရရှိနေပြီး ဒေသတွင်းဈေးကွက်လက်ကျန်မှလည်း တဖြေးဖြေးလျော့နည်းလာသည့်အတွက် လာမည့်မိုးကြက်သွန် ပေါ်ချိန်ဈေးကောင်းရနိုင်မည့်မျှော်လင့်ချက်ဖြင့် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခင်အပတ်တွင် ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် ယူရီးယား(ပန်းဖူး(တရုတ်))တစ်အိတ် (၉၇၀၀၀)ကျပ်၊ တီစူပါ၄၆% (သံကွင်း(တရုတ်))တစ်အိတ် (၇၀၀၀၀)ကျပ်၊ ကျွဲနက်၁၅း၁၅း၁၅ တစ်အိတ် (၉၇၀၀၀)ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ) တစ်အိတ် (၁၀၀၀၀၀)၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ် (၉၇၀၀၀)ကျပ်၊ MC(ကွန်ပေါင်း) တစ်အိတ် (၈၆၀၀၀)ကျပ်၊ ဇာမဏီ( ကွန်ပေါင်း) တစ်အိတ် (၆၁၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ် ဆေးအမျိုးအစားများဖြစ်သည့် ဆိုင်ကလုံး (မြန်မာ့သြဘာ) တစ်ဗူး (၅၅၀၀)ကျပ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါက်တန်းအုပ်စု၊ ပေါက်တန်း ကျေးရွာသို့ သွားရောက်၍ ကျောက်စိမ်းငရုတ်စိုစိုက်ပျိုးသူ တောင်သူနှင့် တွေ့ဆုံ၍ ငရုတ်စိုစိုက်ပျိုး ထုတ်လုပ်မှုနှင့် တစ်ဧကကုန်ကျစရိတ်၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။