ကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Sep 2022

      ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခုဩဂုတ်လ စတုတ္ထပတ်တွင် ဈေးငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြည်-အောင်ကြားရှိကျေးရွာများမှ နေ့စဉ်အဝင်ရှိသလို ဝက်ထီးကန်နှင့် ရွှေတောင် ဘက်မှလည်း နေ့စဉ်အဝင်ရှိသဖြင့် တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၀၀၀ခန့်ဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များမှ လုံးဆန်ကိုမြဝတီဝယ်လက်များက အဝယ်ရှိသလို ဆီဆန်ကို ဆီစက်သမားများက အဝယ်ရှိသဖြင့် တစ်နေ့လျှင်အိတ် (၁၀၀၀) ခန့် ဝင်သလောက် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ ဝင်ရောက်မှုရှိပြီး အရောင်းအဝယ်ဖြစ်သော်လည်း မြေပဲဆန်ဈ

07 Sep 2022

       ပြည်ပဲမျိုးစုံ ဈေးကွက်တွင် ပြည်ပဝယ်လက်ပဲများ ဈေးပြန်လည်မြင့်တက်လာခဲ့သောကြောင့် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ကျပ် ၆သောင်းကျော်အထိ ဈေးမြင့်လာခဲ့ကြပါသည်။ ဩဂုတ်လ ဆန်း ရက်က မတ်ပဲနှင့် ပဲစင်းငုံသီးနှံဈေးမှာ ကျပ် ၆သောင်းအောက်သာရှိခဲ့ပြီး မတ်ပဲ ဈေးနှုန်းသည် ပဲစင်းငုံဈေးထက် ဈေးပိုနေသော်လည်း ယခုရက်ပိုင်းတွင်  ပဲစင်းငုံဈေးနှုန်း သိသိသာသာ မြင့်တက်လာခဲ့သောကြောင့် မတ်ပဲသီးနှံဈေးထက် ဈေးပိုမြင့်တက် အရောင်းအဝယ် ဖြစ်လျှက်ရှိခဲ့ပါသည်။ ပဲလက်ကျန်များရှိခဲ့သော်လည်း နေ့စဉ်အရောင်းအဝယ်မ

07 Sep 2022

    ပြည်ပဲဈေးကွက်အတွင်း ဈေးမြင့်တက်နေသော်လည်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသော ပဲသီးနှံမှာ  ပဲကြီးသီးနှံဖြစ်နေပြီး ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူလျှက်ရှိခဲ့ကြပါသည် ။  တစ်ခါတစ်ရံ ရန်ကုန်ဝယ်လက်သမားအချို့ ဝယ်ယူမှုရှိသော်လည်း ဒေသတွင်း ဝယ်လက်သမားများမှာ ဝယ်လိုအား ပိုကောင်းခဲ့သောကြောင့် နေ့စဉ်အိတ် ၂၀၀/၃၀၀ကျော် အဝယ်ရှိခဲ့ကြပါသည်။  ပဲဈေးနှုန်းမှာ ရွှေကျွန်းတစ်တင်း ၇၆၀၀၀ကျပ်၊ ကမ်းနားတစ်တင်း ၇၃၀၀၀ကျပ် တို့ဖြင့် အသီးသီး ရောင်းဝယ်လျှက်ရှိပြီး ယခင်အပတ်ကထက် ဈေးပိုမြင့်တက်လာသလို ယခင်နှစ်က ဈေး

07 Sep 2022

     ယခုအပတ် ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ တစ်နေ့လျှင် ၁၅ပိဿာဝင် အိတ် ၂၀၀ခန့် အဝင်ရှိပါသည်။ အရောင်းအဝယ်အနည်းငယ်အေးနေပြီး ဒါးလှီးချင်းဖက်သမားများနှင့် လက်လီသမားတို့သာ အဝယ်ရှိနေကြောင်း သိရှိရပါသည်။ ယခု ဩဂုတ်လ စတုတ္ထပတ် ချင်းဈေး များမှာ ချင်းတက်ပွဲရုံဈေး တစ်ပိဿာလျှင် ၁၄၀၀-၁၅၀၀ကျပ်နှင့် လက်လီဈေးတစ်ပိဿာလျှင် ၂၂၀၀-၂၃၀၀ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိပြီး ယခင်အပတ်ထက်စာလျှင် တစ်ပိဿာလျှင် ၂၀၀ကျပ် ဈေးမြင့်လာခဲ့ပါသည်။

07 Sep 2022

       ပြည်ကြက်သွန်ဖြူ ပွဲရုံများတွင် ယခင်ရက်များက ဒေသတွင်းရှိ လက်လီ/လက်ကား ဝယ်ယူသူများ အခြားမြို့နယ်များနှင့် တိုင်းများမှ အဝယ်ရှိနေခဲ့သည့်အတွက် အရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုရက်ပိုင်းတွင်  အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ဈေးနှုန်း အနေဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်လာသည်ကို တွေ့ရှိရပါသည်။ ယခင်ကတစ်နေ့ကို အိတ် ၂၀၀ မှ ၃၀၀အတွင်း ရှမ်းပြည်နှင့် မန္တလေးမှ အဝင်ရှိသော်လည်း ယခုရက်ပိုင်းတွင် တစ်ရက်ကို အိတ် ၁၀၀ မှ ၁၅၀ အတွင်းသာ အဝင်ရှိနေသောကြောင့် အဝင်နည်းနေသည့်အတွက် ကြက်သွန်ဖြူ

Pages