ကုန်သွယ်မှုသတင်းများ
သုညရာခိုင်နှုန်းဖြင့်မေလမှဇူလိုင်လအထိပြောင်းတင်သွင်းခွင့်ပေး
ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း ( ၂ ) မျိုးရှိကြောင်း သိရှိရပါသည်။
ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို ၊ ပေါက်၊ ရေပြာ၊ ယောနယ်၊ ကမ္မနှင့်ဆိပ်ဖြူဒေသများမှ ဆောင်းစိုက်(ပင်စိုက်)များ လှိုင်လှိုင်ပေါ်ထွက်နေပြီး စစ်ကိုင်းတိုင်းဒေသကြီး ပုလဲ၊ မွှေ့ခါရွာမှ ကြက်သွန်နီများလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံသီးနှံများမှာ ပဲစဉ်းငုံနီ၊ ကုလားပဲမျိုးစုံ၊ ပဲတီစိမ်းကြီး ၊ ပဲဇီးကွက်၊ ပြောင်းဖူးစေ့( CP)နှင့် အခြားပဲမျိုးစုံ၊ မန်ကျည်းတောင့်များ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထားရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ ယခင်အပတ်ထက် ယခုနှစ်အပတ်တွင် ဈေးတည်ငြိမ်လျက်ရှိပြီး ယခုအပတ် (၁၆. ၅. ၂၀၂၂) မှ (၂၀.