ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 May 2022

            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၌ ယခုနှစ်တွင် နွေစပါးဧက(၁၃၀၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိနွေစပါးပေါ်ချိန် စပါးတင်း (၁၀၀)လျှင် ကွင်းဈေး ၇၉၀၀၀ဝိ/- ကျပ်၊ စက်အရောက်ဈေး ၈၂၀၀၀ဝိ/- ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

20 May 2022

              တောင်ငူခရိုင်အတွင်းရှိ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်းမြို့နယ်များတွင် စိန်တလုံး သရက်သီးများကို အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ငူခရိုင်အနေဖြင့် ၇၄၂ ဧက စိုက်ပျိုးသည့် အနက် ၄၄၃ ဧက အသီးခူးနိုင်ခဲ့ပြီး တစ်ဧကလျှင် အလုံးရေ ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ထွက်ရှိပါသည်။ တစ်နှစ်လျှင် စိန်တလုံးသရက်သီး တန်ချိန် ၃၁၀၀ ခန့်ထွက်ရှိပါသည်။

20 May 2022

              တောင်ငူမြို့မှ အရှေ့ဘက် မိုင် ၃၀ ခန့် ဝေးသော ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်ကြီး၊ လိပ်သို၊ ဘောဂလိ ဒေသများရှိ ကျေးရွာများမှ ဓညင်းသီးများသည် တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဓညင်းသီးပွဲရုံများသို့ တစ်ရက်လျှင် ပိဿာချိန် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဝင်ရောက် လျှက်ရှိပါသည်။

20 May 2022

                   ပြည်မြို့ရှိ ပြည်ကုန်စည်ဒိုင်သည် ယခုလတွင် ပဲမျိုးစုံရောင်းဝယ်လျှက်ရှိရာ မတ်ပဲဈေးမှာ အနည်းငယ်ကျနေပြီး တခြားပဲများမှာ ဈေးအေးလျှက်ရှိကြောင်း သိရပါသည်။

20 May 2022

       ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြိုနယ်တွင် သီဟိုဠ်စိုက်ဧက (၃၀၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပါသည်။ သီဟိုဠ် တစ်ဧကလျှင် အပင်(၆၀) အထိစိုက်ပျိုးနိုင်ပြီး အထွက်မှာ ပိဿာ(၃၀) ခန့် ထွက်ရှိကြောင်းသိရပါသည်။ ယခင်နှစ်တွင် သီဟိုဠ်အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာ(၆၀) ခန့်ထွက်ရှိသဖြင့် ယခင်နှစ်ထက်စာရင် ယခုနှစ်မှာ ထက်ဝက်ခန့် အထွက်နှုန်း ကျဆင်းကြောင်း သိရပါသည်။ ထိုသိုအထွက်နှုန်းကျဆင်းရခြင်းမှာ သီဟိုဠ်ပင် အပွင့်ပွင့်ချိန်၌ မိုးများစွာရွာသွန်းသဖြင့် အထွက်နှုန်းကျဆင်းရခြင်းဖြစ်ပါသည်

Pages