ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် အခြားဒေသများမှ ကုန်စည်စီးဆင်းမှုနှင့် အခြားဒေသများသို့ ကုန်စည်တင်ပို့မှုများရှိပြီး မေလဆန်းပိုင်းမှ မေလ တတိယပတ်အတွင်း ဆန်၊ပဲ၊ပြောင်းအနေဖြင့် မန္တလေး၊ ရန်ကုန်မှ ဆန်တင်သွင်းမှု မှာ (၁၆၂၅) အိတ်၊ မန္တလေးသို့ ဆန်တင်ပို့မှုမှာ ဆန်(၂၂၀) အိတ်၊ ဆန်ကွဲ (၈၀) အိတ်၊ မန္တလေး ၊မြဝတီသို့ ပြောင်းတင်ပို့မှုမှာ ပြောင်း(၃၇၇၃) အိတ်၊ မျိုးပြောင်းတင်သွင်းမှု (၁၅၀) အိတ်၊ ပဲစဉ်းငုံ (၁၂၉၉)အိတ်၊ ပဲပုတ် (၂၉၂) အိတ်၊ မြေပဲ (၃၈၀) အိတ် တင်ပို့နိုင်ကြောင်း မိတ္တီလာ ၊ ကျောက်ပန်း
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဆီစက်လုပ်ငန်းများနှင့် ဆီထွက်သီးနှံကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ရည်ရွယ်၍ မေလ(၁၉)ရက်၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ မေလ(ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန် ပိဿာ(၁)သောင်းခွဲခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ (၁)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ခဲ့ပြီး မြို့ပေါ်ရှိကြက်သွန်ကုန်သည် ဂိုဒေါင်များသို့ (၁)ပတ်အတွင်း ကုန်ချိန် (၂)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ကျိုက်ထိုမြို့နယ်၊ ဗိုလ်ချုပ်လမ်းရှိ ဒူးရင်းသီးရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများသို့ သွားရောက်၍ ဒူးရင်းသီးရောင်းဝယ်ဖောက်ကားမှု၊ ဈေးနှုန်း၊ ဈေးကွက် အခြေအနေများအား စုံစမ်းမေးမြန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
မော်လမြိုင်မြို့၌ ယခု မေလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင် (အနီ)တစ်အိတ်လျှင် ကျပ် ၉၈၀၀၊ ဆင် (ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၊ ကြံ့တံဆိပ် (အဝါ) တစ်အိတ်လျှင် ကျပ် ၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓါတ်မြေသြဇာမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။