ကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၂၃.၅.၂၀၂၂) နေ့တွင် မအူပင်မြို့နယ် ဆန်စက်ပိုင်ရှင်အသင်းမှ ဒု-ဥက္ကဌ ပြည့်ဖြိုးကြွယ် ဆန်စက်ပိုင်ရှင် ဦးကျော်မင်းစိုးနှင့် တွေ့ဆုံ၍ ဆန်စက်အသင်း၏ ရှေ့ဆက်မည့် လုပ်ငန်းအစီအမံများ ဆန်၊ စပါး၊ ဈေးကွက် အခြေအနေများနှင့် ဆန်စပါး အရည်အသွေးကောင်းမွန်ရန် ဈေးကောင်းရရှိနိုင်ရေးတို့ကို အလေးပေးဆွေးနွေးခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝေယံမြင့်အောင်(ဒုကြီးကြပ်ရေးမှူး)က ၂၂.၅.၂၀၂၂ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မကွေးမြို့၊ ရန်ဝေးရပ်၊ ခွါညိုလမ်း၊ အမှတ်(၈၆)တွင် MYANMAR ORGAINC MORINGA OIL (MOM)အမှတ်တံဆိပ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသော ဒန်သလွန်စေ့ဆီ ထုတ်လုပ်မှုအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာ့ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရောင်းချနေသည့် တွေ့ဆုံမေးမြန်းရာ ဒန့်သလွန်စေ့ဆီ ထုတ်လုပ်ရာတွင် အိန္ဒိယမျိုးများဖြစ်သော Momax 3 နှင့် O
မိုးဦးကျကာလများတွင် အင်ဥမှာ ရာသီစာတစ်ခုဖြစ်သော ဟင်းစာတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် မိုးဦးကျကာလများတွင် ကြွေကျနေသော အင်ရွက်များမှ မိုးရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော မြေဆွေးများမှ ပေါက်လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးဖြစ်ပါသည်။
ကြက်သွန်နီသည် နေ့စဉ်ဟင်းလျာများတွင် မပါမပြီး အလွန်အရေးပါသော စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်ပါသည်။ ဟင်းလျာများကို အနံ့၊ အရသာကောင်းမွန်စေရုံသာမက စားသုံးသူတို့၏ ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးလုပ်ငန်း၏ (၆၀%)မှာ ကြက်သွန်နီရောင်းဝယ်ရေးဖြစ်ပါသည်။ ကြက်သွန်နီ၏ ဇာတိဒေသမှာ တောင်အာရှဒေသ (သို့မဟုတ်) မြေထဲပင်လယ်ဖြစ်မည်ဟု ယူဆကြပါသည်။ ကြက်သွန်နီသည် အပူ၊ အအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ မြေအမျိုးအစားမှာ အစိုဓါတ်ရှိသောမ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့သောဒေသခံ တောင်သူများသည် ရေလွှဲဆည်ရေများနှင့် မြေအောက်ရေများကို အမှီပြု၍ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကို နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလု