ကုန်သွယ်မှုသတင်းများ
ပြည်မြို့တွင်ရောင်းချနေသော ရွှေဖရုံသီးများကို ပုတီးကုန်း၊ သဲကုန်းနှင့် ဝက်ပုတ်ဒေသများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရပါသည်။ အများဆုံး စိုက်ပျိုးသောဒေသများမှာ သဲကုန်းမြို့ တွင် အများအပြားစိုက်ပျိုးတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရွှေဖရုံသီးများကို သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။ ရွှေဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၁၅)လုံးမှ (၂၅)လုံးဝင် ရွှေဖရုံသီးအိတ်များဖြင့် တင်ပို့လျှက်ရှိပါသည်။ ရွှေဖရုံသီးတွင် ထိုင်ဝမ်မျိုးနှင့် ဒေသမျိ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့၊ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများသည် (၉.၆.၂၀၂၂)နေ့ နံနက် (၁၀:၀၀) အချိန်တွင် ပေါက်တန်းအုပ်စု၊ ပေါက်တန်းကျေးရွာသို့ သွားရောက်၍ ငရုတ်စိုက်ပျိုးသူတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး ဈေးနှုန်းဈေးကွက်နှင့် တင်ပို့မှု့ အခြေအနေများအား လေ့လာခဲ့ပါသည်။
ယခုအပတ် ပြည်မြို့၏ ဗမာသံပုရာဈေးကွက်တွင် ဈေးကျဆင်းလျှက်ရှိပါတယ်။ အလုံးကြီး တစ်လုံး(၂၃)ကျပ်၊ အလတ်တစ်လုံး (၁၅)ကျပ်နှင့် အသေးတစ်လုံး (၇)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ လားရှိုး၊ တောင်ကြီးမြို့များသို့ တစ်နေ့လျှင် ပျမ်းမျှ (၂)အိတ်မျှသာ တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရပါသည်။ တစ်အိတ်လျှင် ဗမာသံပုရာ အလုံးချော (၁၅၀၀)ခန့် ဝင်ဆံ့ကြောင်း သိရပါသည်။
ရာသီစာဖြစ်သော ခဝဲသီးများကို ဇွန်လအတွင်းတွင် စားသုံးသူများက ဈေးကောင်းပေးပြီး ဝယ်ယူစားသုံးကြပါသည်။ ခဝဲသီးကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးပြီး ခဝဲသီးပေါ်ချိန် ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်၍ ဈေးကောင်းရရှိပြီး အဝယ်လည်းလိုက်နေပါသည်။ ယခု ဈေးကွက်ထဲတွင်ရောင်းချနေသော ထိုင်ဝမ်ခဝဲသီးများသည် ခဝဲသီး အတောင့်အချော/ အလတ်/ အသေးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားခြားလျှက်ရှိပါသည်။ ခဝဲသီးအတောင့် အချောတစ်တောင့်လျှင် ကျပ် ၄၀၀ မှ ၃၀၀ကျပ်၊ ခဝဲသီးအလတ် တစ်တောင့်လျှင် ကျပ် ၂၅၀ မှ ၂
ပြည်မြို့တွင် နံနံပင်ကို ပန်းတောင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်၊ သဲကုန်း မြို့များတွင် စိုက်ပျိုးကြပါသည်။ ရာသီအချိန်မရွေးစိုက်ပျိုးလို့ရပေမယ့် မိုးတွင်းပိုင်းတွင် ရှားပါးပါသည်။ နံနံစေ့ တစ်ပိဿာလျှင် ပိဿာချိန် ၄၀ခန့်ထွက်ရှိကြောင်း သိရှိရပါသည်။ ပြည်ဈေးကွက်မှ နံနံပင်များကို ရန်ကုန်သို့အများဆုံးတင်ပို့ရောင်းချလျက်ရှိပါသည်။ တင်ပို့သည့်အခါ ဂုန်နီအိတ်နှင့် ၄၀ပိဿာ၊ ပီနံအိတ်နှင့် ၂၅ပိဿာဖြင့် ထုတ်ပိုးတင်ပို့လျက်ရှိကြောင်း သိရပါသည်။ တစ်နှစ်လျှင် ပိဿာချိန် ၂၀၀၀၀ခန့် အ