ကုန်သွယ်မှုသတင်းများ
မုံရွာမြို့၌ ပုပ္ပားဒေသထွက် နဂါးမောက်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း၊ ထိုသို့ ဈေးကွက်၌ နဂါးမောက်သီးများလှိုင်လှိုင်ပေါများနေခြင်းမှာ နဂါးမောက်ခြံများမှ တစ်ပြိုင်တည်း အသီးများခူးဆွတ်ကြခြင်းဖြစ်ကြောင်း၊ ကျေးရွာများကို အဓိကထား၍ ရောင်းချကြခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မုံရွာမြို့၊ နဂါးမောက်သီး ရောင်းချသူ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိူး၊ ပဲတီစိမ်း၊ ပဲလွန်းပြာ၊ ပြောင်းဖူးစေ့(CP)နှင့် အခြားပဲမျိုးစုံတို့ အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ၄၂၈၀၀ မှ ၄၃၃၀၀ ကျပ်၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကို လိုက်၍ တစ်တင်းလျှင် ၄၀၀၀၀ မှ ၄၅၀၀၀ ကျပ် ၊ စွန်တာနီ တစ်တင်းလျှင် ၄၂၀၀၀ ကျပ် ၊ ကုလားပဲဝါ (Hl) တစ်တင်းလျှင် ၄၆၀၀၀ ကျပ်၊ ကုလားပဲ ဝါလုံးကြီး (929) တစ်တင်းလျှင် ၄၇၀၀၀ ကျပ် ၊ ကုလားပဲဖြူလုံးကြီး (V2
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပြည်ကုန်စည်ဒိုင်_8.jpg?itok=oH5x5Uj6)
အဟာရဓာတ်ကြွယ်ဝသဖြင့် ပြည်တွင်းသာမကပြည်ပဈေးကွက်ပါ တွင်တွင်ကျယ်ကျယ်ရရှိလာသော ထောပတ်ပဲကို တစ်ပြည်လုံးစိုက်ဧက (၁၅၀၀၀၀)ခန့်စိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် မိုး၊ ဆောင်း စုစုပေါင်း ဧက (၄၀၀၀၀)ခန့် စိုက်ပျိုးထုတ်လုပ်မှုရှိသည့်အနက် ဆောင်းသီးနှံအဖြစ် ဧက (၃၀၀၀၀) ခန့် မိုးသီးနှံအဖြစ် ဧက (၁၀၀၀၀)ခန့် စိုက်ပျိုးသည်။ ရွှေဘိုနယ်ဘက်တွင် စိုက်ဧကအများဆုံးဖြစ်ပြီး ထွက်ရှိပဲများမှာဈေးကြိုက်လျှင် မုံရွာဘက်လာပြီးအများအားဖြင့် စစ်ကိုင်းခရိုင်ဘက်ကစိုက်ပျိုး ထွက်ရှိသော ပဲများနှင့
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ စတုတ္ထပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၀၅၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၉၃၀၀၀၊ တန်အားဖြင့် ၄၆၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့
လူတို့နေစဉ်စားသုံးနေသော အစားအစာများတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသည် မပါမဖြစ်လို့ဆိုရမည် ဖြစ်သည်။ ကြက်သွန်နီကို အချိန်အခါမရွေး၊ လူကြီးလူငယ်မရွေးစားသုံး လျက်ရှိကြသည်။ စားသုံးသူများအနေဖြင့်လည်း ထမင်းစားရာတွင် ကြက်သွန်နီသည် မပါမဖြစ် လို့ဆိုရမည်ဖြစ်သည်။ အခန်းအတွင်း၌ အနံ့ဆိုးများဖြစ်နေပါက ကြက်သွန်နီအခွံခွာ၍ လှီးပြီးထားပေးခြင်းအားဖြင့် အနံဆိုးများ အလွယ်တကူပျောက်ကင်းနိုင်သော သဘာဝနည်းလမ်းဖြင့်လည်း သုံးစွဲနိုင်သည်။ ယခုအခါ ကြက်သွန်နီများ ဈေးကောင်းရရှိလျက်ရှိကြ