
ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးရာနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အတွင်းရေးမှူး Chum Sounry သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာယူအေအီးသံအမတ် Obaid Saeed Obaid Bintaresh Aldhaheri နှင့် မေလ ၂၀ ရက်နေ့က ဖနွမ်းပင်မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြောင်း သိရပါသည်။ အစည်းအဝေး အတွင်း Sonry က ဘက်ပေါင်းစုံကုန်သွယ်ရေးမိတ်ဖက်သဘောတူညီချက် (CEPA) နှင့် အထက် လွှတ်တော်ဥက္ကဌ Hun Sen ၏ ယူအေအီးနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တရားဝင်အလည်အပတ်ခရီးစဉ်၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုနှစ်ချက်စလုံး သည် များစွာသောကဏ္ဍတစ်လျှောက် ကမ္ဘောဒီးယား-ယူအေအီးပူးပေါင်းဆောင်ရွက်မှာ အားကောင်းစေရေးအတွက် အဓိကထောက်တိုင်များဖြစ်ခဲ့ကြောင်း သိရပါသည်။ Sonry က သံအမတ် Aldhaheri ၏ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စေ့စပ်ဆွေးနွေးမှုများသည် တည်ရှိပြီး သဘောတူညီချက်များ အကောင်အထည်ဖော်ရာတွင် မြန်ဆန်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အတွင်းရေးမှူးက နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား အပြန်အလှန် ဆွေးနွေးမှုယန္တယားတည်ထောင်ရန်နှင့် သံတမန်ရေးနှင့် တရားဝင်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ရယူရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။
Khmer Times
DOCA (ရန်ကုန်)